/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ပျိုပျိုမေတို့-ကျန်းမာရေးနှင့်-ပတ်သက်၍-ဆောင်ရန်၊-ရှောင်ရန်-0

ပျိုပျိုမေတို့ ကျန်းမာရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

1. ကိုယ်တိုက်ဆပ်ပြာများနှင့် ဆေးကြောခြင်းကို ရှောင်ပါ

အမျိုးသမီးအင်္ဂါဟာ သန့်ရှင်းရေးကို အလိုအလျောက် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် မိန်းမကိုယ်အတွင်းထဲထိ ဆေးတာမျိုး၊ ဆပ်ပြာနဲ့ ဆေးတာမျိုး မလုပ်ရပါဘူး။ အဲဒီလိုလုပ်ခြင်းဟာ ရောဂါပိုးတွေ၊ လိင်ကူးစက်ရောဂါတွေကို ပိုမိုအားပေးရာရောက်ပါတယ်။ ဆေးကြောပေးလိုပါကလည်း ရေနွေးနွေးလေး၊ ဒါမှမဟုတ် အနံ့မပါတဲ့ ဆပ်ပြာအပျော့စား၊ ဒါမှမဟုတ် မိန်းမကိုယ်သန့်စင်ဆေးရည်လေးနဲ့ ညင်သာစွာ ဆေးပေးနိုင်ပါတယ်။

2. ချည်သားအတွင်းခံများကို ဝတ်ဆင်ပါ

မိန်းမကိုယ်နားတစ်ဝိုက် စိုစွတ်နေခြင်းဟာ ရောဂါပိုးပေါက်ပွားမှုကို အားပေးပါတယ်။ ချည်သားတွေဟာ လေဝင်လေထွက်ကောင်းပြီး အစိုဓာတ်ကို စုပ်ယူပေးနိုင်တာကြောင့် ချည်သားအတွင်းခံတွေကို ဝတ်ဆင်သင့်ပါတယ်။

အတွင်းခံ မဝတ်ဘဲနေတာကလည်း လေဝင်လေထွက်ရှိစေလို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခု ဖြစ်ပေမယ့်လည်း gym ကို သွားမယ်ဆိုရင်တော့ အတွင်းခံ ဝတ်သွားသင့်ပါတယ်။ Gym က ပစ္စည်းကိရိယာတွေနဲ့ အရေပြားကြားမှာ အကာအကွယ်များလေ ကောင်းလေပါပဲ။

3. စက်ဘီးစီးတဲ့အခါ သတိပြုပါ

မိန်းမကိုယ်နားတစ်ဝိုက်ကို ထိခိုက်မှုရှိစေတဲ့ စက်ဘီးစီးခြင်းကဲ့သို့သော လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ မိန်းမကိုယ် ထုံကျဉ်ခြင်း၊ နာခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် အဲဒီလိုလေ့ကျင့်ခန်းမျိုးတွေ လုပ်တဲ့အခါ လစဉ်သုံး (သို့) နေ့စဉ်သုံးဂွမ်းကပ် ကပ်ခွာလေးတွေ ခံထားသင့်ပါတယ်။

pH Care 1

4. လိင်ဆက်ဆံတဲ့အခါ သတိပြုပါ

စအိုပေါက်ထဲတွင် လိင်ဆက်ဆံပြီးပြီးချင်း သေချာဆေးကြောခြင်း မပြုလုပ်ဘဲ မိန်းမကိုယ်ထဲသို့ လိင်ဆက်ဆံမှုပြုခြင်း မလုပ်ပါနဲ့။ စအိုထဲရှိရောဂါပိုးများ မိန်းမကိုယ်ထဲသို့ ဝင်ရောက်ကူးစက်သွားနိုင်ပါတယ်။

5. ပိုးသတ်ဆေးများကို မလိုအပ်ဘဲ သောက်ခြင်းကို ရှောင်ကြဉ်ပါ

မလိုအပ်ဘဲ သောက်လိုက်တဲ့ ပိုးသတ်ဆေးတွေက ခန္ဓာကိုယ်ရဲ့ အကျိုးပြုဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ မိန်းမကိုယ်တစ်ဝိုက် ပိုးဝင်နိုင်ဖို့ အခွင့်အရေးလည်း ပိုမိုတိုးပွားသွားနိုင်ပါတယ်။

6. လိင်ဆက်ဆံတဲ့အခါ ချောမွေ့စေတဲ့အဆီ သုံးပါ

မိန်းမကိုယ် ခြောက်သွေ့နေခြင်းဟာ လိင်ဆက်ဆံစဉ်မှာ နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် နှာစေးပျောက်ဆေး၊ စိတ်ကျရောဂါကုသဆေး၊ ဟော်မုန်းဓာတ်ပါသော ကိုယ်ဝန်တားဆေးတို့ သောက်သုံးနေရချိန်၊ ကလေးမွေးပြီးစအချိန်နဲ့ သွေးဆုံးခါနီးအချိန်တို့မှာ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမျိုးတွေမှာ ချောမွေ့စေမယ့် အဆီတစ်မျိုးမျိုး သုံးပေးခြင်းဟာ လိင်ဆက်ဆံမှုကို ပိုပြီးအဆင်ပြေချောမွေ့စေပါတယ်။

7. နှစ်စဉ် ကျန်းမာရေး စစ်ဆေးပေးပါ

ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေးကို နှစ်စဉ်စစ်ဆေးပေးတာဟာ သားအိမ်ခေါင်းကင်ဆာကိုသာမက အခြားရောဂါတွေကိုပါ အချိန်မီ တားဆီးရာရောက်ပါတယ်။

8. သားအိမ်ကြွက်သား၊ တင်ပါးဆုံကြွက်သား လေ့ကျင့်ခန်းလုပ်ပါ

ကီဂယ်လ် (Kegel) လေ့ကျင့်ခန်းဟာ ဝမ်းဗိုက်အောက်ပိုင်းကြွက်သားများနဲ့ မျိုးပွားအင်္ဂါတစ်ဝိုက်က ကြွက်သားတွေကို သန်မာစေပါတယ်။ ဆီးအိမ်နဲ့ ဝမ်းအိမ်ကိုလည်း ကျန်းမာသန်စွမ်းစေပြီး အိမ်ထောင်ရေးသုခလည်း တိုးပွားစေပါတယ်။

ဒီအချက်လေးတွေကို လိုက်နာပြီး ကျန်းမာလှပတဲ့ အမျိုးသမီးဘဝကို အရယူလိုက်ကြရအောင်နော်။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)

pH Care 2