ဘယ်လိုကိစ္စမျိုးတွေမှာ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ပြသသင့်သလဲ
ကျွန်မတို့အနေနဲ့ ငယ်ရွယ်စဉ်ကာလတွေမှာ မီးယပ်ရောဂါတစ်စုံတစ်ရာမဖြစ်မချင်း သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသဖို့မလိုအပ်ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ့် လက် တွေ့မှာတော့ အောက်ပါအချက်တွေကြောင့် မိန်းကလေးများအနေနဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
1. မိန်းမကိုယ်အလွန်အမင်းယားယံခြင်း
2. ကာလရှည် အရည်များဆင်းခြင်း
3. သာမာန်မဟုတ်သော အနံ့ဆိုးများထွက်ခြင်း (ဥပမာ-ငါးညှီနံ့)
4. ဓမ္မတာမမှန်ခြင်း
5. ရာသီလာစဉ် အလွန်အမင်းနာကျင်ခြင်း
6. ပုံမှန်ထက်ရာသီသွေး အဆင်းများခြင်း
pH Care 1

7. ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခု နီးလွန်းခြင်း၊ ဝေးလွန်းခြင်း၊ ရာသီတစ်ခုနဲ့ တစ်ခု အကြား သွေးဆင်းဖြင်း
8. PMS (ရာသီမလာခင်ဖြစ်ပေါ်သောဝေဒနာ)များခံစားနေရခြင်း
9. ကိုယ်ဝန်တားတဲ့နည်းလမ်းတစ်ခုခုကို အသုံးပြုရန်တိုင်ပင်ခြင်း
10. ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ချက်ချပြီးနောက် လိုအပ်သည်များကို တိုင်ပင်ခြင်း
11. ကိုယ်ဝန်ရှိကြောင်းသံသယရှိပါက သွားရောက်တိုင်ပင်စစ်ဆေးခြင်း
12. ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံး ရက်ချိန်းမှန်မှန်ပြခြင်း
လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)
pH Care 2

ကၽြန္မတုိ႔အေနနဲ႔ ငယ္ရြယ္စဥ္ကာလေတြမွာ မီးယပ္ေရာဂါတစ္စံုတစ္ရာမျဖစ္မခ်င္း သားဖြားမီးယပ္ဆရာ၀န္နဲ႔ ျပသဖို႔မလိုအပ္ဘူးလို႔ ထင္တတ္ၾကပါတယ္။ တကယ့္ လက္ ေတြ႕မွာေတာ့ ေအာက္ပါအခ်က္ေတြေၾကာင့္ မိန္းကေလးမ်ားအေနနဲ႔ သားဖြားမီးယပ္ဆရာ၀န္နဲ႔ ျပသတိုင္ပင္သင့္ပါတယ္။
- မိန္းမကိုယ္အလြန္အမင္းယားယံျခင္း
- ကာလရွည္ အရည္မ်ားဆင္းျခင္း
- သာမာန္မဟုတ္ေသာ အနံ႔ဆိုးမ်ားထြက္ျခင္း (ဥပမာ-ငါးညွီနံ႔)
- ဓမၼတာမမွန္ျခင္း
- ရာသီလာစဥ္ အလြန္အမင္းနာက်င္ျခင္း
- ပံုမွန္ထက္ရာသီေသြး အဆင္းမ်ားျခင္း
- ရာသီစက္၀န္းတစ္ခုနဲ႔တစ္ခု နီးလြန္းျခင္း၊ ေ၀းလြန္းျခင္း၊ ရာသီတစ္ခုနဲ႔ တစ္ခု အၾကား ေသြးဆင္းျဖင္း
- PMS (ရာသီမလာခင္ျဖစ္ေပၚေသာေ၀ဒနာ)မ်ားခံစားေနရျခင္း
- ကိုယ္၀န္တားတဲ့နည္းလမ္းတစ္ခုခုကို အသံုးျပဳရန္တိုင္ပင္ျခင္း
- ကိုယ္၀န္ယူမယ္လို႔ ဆံုးျဖတ္ခ်က္ခ်ၿပီးေနာက္ လိုအပ္သည္မ်ားကို တိုင္ပင္ျခင္း
- ကိုယ္၀န္ရွိေၾကာင္းသံသယရွိပါက သြားေရာက္တိုင္ပင္စစ္ေဆးျခင္း
- ကိုယ္၀န္ေဆာင္ကာလတေလွ်ာက္လံုး ရက္ခ်ိန္းမွန္မွန္ျပျခင္း
ေလေျပနုေသြး(ေဆး၂) (www.drmyanmar.com)
















