ဘရာဇီယာအရွယ်အစား အရွေးမမှားစေဖို့.....
1. ရင်သားက ဘရာဇီယာအပြင်သို့ ဖောင်ကားထွက်နေခြင်း
ဝတ်ထားတဲ့ဘရာဇီယာဟာ ရင်အုံတစ်လုံးကိုအုပ်မိဖို့လိုအပ်ပါတယ်။ ရင်သားကိုအပေါ်ကို မြှင့်တင်ပေး တဲ့ ဘရာဒီဇိုင်းကို ဝတ်ဆင်မယ်ဆိုရင်တောင်မှ ပိုကြီးတဲ့ဘရာအရွယ်အစားကိုရွေးချယ်မှ သာ နူးညံ့တဲ့ရင်သားတစ်သျှူးအပေါ်မှာ တင်းကျပ်တဲ့ဖိအားသက်ရောက်မှုမရှိစေမှာဖြစ်ပါတယ်။
2. ရင်သားက ဘရာအောက်မှ အပြင်သို့ကျွံနေခြင်း
မိမိရင်အုံထက် အရွယ်အစားသေးတဲ့ဘရာကိုရွေးချယ်မိတာကြောင့်ဖြစ်ပါတယ်။ ဘရာဝိတ်ရဲ့ အလယ်ဗဟိုဟာ ရင်ညွန့်ရိုးနှင့်ကပ်လျက်အနေအထားမှာသာ ရှိသင့်ပါတယ်။
3. နောက်ဆုံးချိတ်တွင် ချိတ်မှသာ အဆင်ပြေခြင်း
ဘရာမှာ အလျော့အတင်းလုပ်ဖို့အတွက် ချိတ်တွေပါလေ့ရှိပါတယ်။ အချိန်ကြာလာတာနင့်အမျှ ဘရာဟာလျော့လျဲလာတာကြောင့် တင်းတင်းကျပ်ကျပ်ရှိနေစေဖို့ ချိတ်ကိုအရှေ့တိုးပြီး ချိတ်နိုင်အောင်စီမံထားတာဖြစ်ပါတယ်။ ပထမအကြိမ်ဝတ်ကြည့်စဉ်အခါကတည်းက နောက်ဆုံးချိတ်မှာ ချိတ်နေရပါကပိုကြီးတဲ့ဘရာဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။
4. နာကျင်မှုဝေဒနာခံစားရခြင်း
လည်ပင်းနှင့် နောက်ကျောဘက်မှာ နာကျင်မှုကိုခံစားနေရခြင်းဟာ ဘရာကမှန်ကန်တဲ့ထောက်ပံ့မှု မရခြင်းကြောင့်ဖြစ်ပြီး ဘရာအရွယ်အစားမှားယွင်းနေတဲ့လက္ခဏာဖြစ်ပါတယ်။
5. ဘရာရဲ့အနောက်ဘက်က အရှေ့ဘက်ထက်မြင့်နေခြင်း
မှန်ရှေ့တွင် ဘေးတိုက်အနေအထားဖြင့်ရပ်ပြီး ဘရာရဲ့အရှေ့ဘက်နှင့်အနောက်ဘက်အနေအထားကို ယှဉ်ကြည့်ပါ။ အရှေ့အနောက်ရေပြင်ညီအနေအထားဖြင့် တနေရာတည်းရှိနေရမှားအစား အနောက်ဘက်ကအရှေ့ဘက်ထက် ပိုမြင့်နေပါက မှားယွင်းတဲ့ဘရာကို ရွေးချယ်မိတာဖြစ်ပါတယ်။
6. ပခုံးသိုင်းကြိုးအရာထင်ကျန်နေခြင်း
ပခုံးသိုင်းကြိုးဟာ ပခုံးပေါ်တွင် မြဲမြံစွာရှိသင့်တယ်ဆိုပေမယ့် အရာထင်ကျန်သည့်တိုင်အောင် နစ်ဝင်နေပါက ဘရာက မနိုင်ဝန်ထမ်းထားရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
7. ဘရာတစ်ထည်ကို နှစ်အတော်ကြာအောင် ဝတ်ဆင်ခြင်း
ကိုယ်အလေးချိန်အတက်အကျရှိတာကြောင့် ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဘရာအရွယ်အစားကို ပြောင်းလဲဖို့လိုအပ်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)
















