/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/မိန်းမကိုယ်မှိုစွဲခြင်းအကြောင်း-သိကောင်းစရာ

မိန်းမကိုယ်မှိုစွဲခြင်းအကြောင်း သိကောင်းစရာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

မိန်းမကိုယ်အတွင်းမှိုစွဲခြင်းဆိုတာ မှိုတစ်မျိုးကြောင့်ဖြစ်တတ်သော ပိုးဝင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။

>>  လက္ခဏာများ

●  မိန်းမကိုယ်တစ်ဝိုက် ယားယံခြင်း

●  လိင်ဆက်ဆံစဉ်နှင့် ဆက်ဆံပြီးနောက် မိန်းမကိုယ်နာခြင်း/ပူခြင်း

●  မိန်းမကိုယ်မှ အဖြူပျစ်ပျစ်အရည်များဆင်းခြင်း

●  မိန်းမကိုယ်မှ အနံ့အသက်ရှိသော အရည်များဆင်းခြင်း

●  ဆီးပူခြင်း၊ ဆီးအောင့်ခြင်း

●  မိန်းမကိုယ်နှုတ်ခမ်းသားများ နီရဲရောင်ကိုင်းခြင်း

●  မိန်းမကိုယ်နံရံတွင် အဖြူရောင်အစက်များတွေ့ခြင်း

 

>>  ဘာကြောင့်ကူးစက်သလဲ?

●  Candida albicans ဆိုသော yeast မှိုကြောင့်ဖြစ်ပါတယ်။ ထိုမှိုတစ်မျိုးဟာ စားလိုက်တဲ့ အစားအစာတွေကနေ အူကိုရောက်ရှိပါတယ်။ အူထဲမှာတော့ ဘာပြဿနာမှမပေးဘဲ စအိုသို့ရောက်ရှိတဲ့အခါ စအိုနှင့် မိန်းမကိုယ်ကြားရှိ အမြှေးပါးကနေတစ်ဆင့် မိန်းမကိုယ်သို့ ပျံ့နှံ့ခြင်းဖြစ်ပါတယ်။

●  အမျိုးသမီးတိုင်းဟာ အပျိုဖော်ဝင်စကနေ သွေးဆုံးချိန်ထိ ဖြစ်ပေါ်နိုင်ဖို့ အလားအလာရှိပါတယ်။

 

>>  ဘယ်လိုကာကွယ်မလဲ?

●  အချိုများသောအစာများကိုရှောင်ခြင်း

●  အောက်ခံဘောင်းဘီကို ပွပွချောင်ချောင်ဝတ်ခြင်း

●  ပိုးသတ်ဆေးများကို မလိုအပ်ဘဲ မသောက်ခြင်း

●  မိန်းမကိုယ်ကို သန့်ရှင်းအောင်ထားခြင်း

●  ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်ဝအောင်စားခြင်း

 

>>  ဘယ်အချိန်မှာဆေးခန်းပြမလဲ?

●  ပထမဆုံးအကြိမ်ဖြစ်ပေါ်ခြင်း

●  တစ်နှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ခြင်း

●  ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်ဖြစ်ခြင်း

●  ဆေးများ သောက်နေတာတောင် မပျောက်ခြင်း

 

>>  မကြာခဏ မှိုပိုးဝင်ခြင်းကို ဘယ်လိုကုသလေ့ရှိလဲ?

●  သောက်ဆေးများနှင့် မိန်းမကိုယ်တွင်းထည့်သောဆေးများပေးခြင်း

●  မှိုအတွက် ပိုးသတ်ဆေးများကို အနည်းဆုံး ၆ လ သောက်ခိုင်းခြင်း

●  တားဆေးကတ်များအစား သုံးလခံဆေးထိုးခြင်း သို့မဟုတ် လက်မောင်းတွင်း တားဆေးထည့်ခြင်း

●  သွေးဆုံးပြီးအမျိုးသမီးများတွင် ဟော်မုန်းကုသမှုခံယူနေပါက အီစတိုဂျင်နည်းပါးသောကုသမှုသို့ ပြောင်းလဲခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။

မိန်းမကိုယ်မှိုပိုးဝင်ခြင်းဟာ လိင်ကတစ်ဆင့် ကူးစက်သောရောဂါ မဟုတ်ပါဘူး။

မိန်းမကိုယ်မှိုပိုးဝင်ဖူးသူများအနေနှင့် နောက်တစ်ကြိမ် ထပ်မံဝင်ရောက်နိုင်တာမို့ တစ်ကိုယ်ရည် သန့်ရှင်းရေးအလေးထားခြင်း၊ မိန်းမကိုယ်ကို သန့်ရှင်းခြောက်သွေ့အောင်ထားခြင်း၊ အတွင်းခံပွပွဝတ်ခြင်း၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်းတို့ဖြင့် ကာကွယ်သင့်ပါတယ်။

 

www.drmyanmar.com