ရင်သားအကြောပြတ်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ
အကြောပြတ်တယ်ဆို်တာ အလျင်အမြန်ကြီးထွားလာခြင်းရဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ အများအားဖြင့် ကိုယ်အလေးချိန်တိုးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ အပျိုဖော်ဝင်ခြင်းနဲ့ ခန္ဓာကိုယ်ကြီးထွားမှုနှုန်း မြန်ဆန်ခြင်း တို့ကြောင့်ပဲ ဖြစ်လေ့ရှိပါတယ်။ ရင်သားတွေဟာ မြန်ဆန်စွာဖွ့ံဖြိုးလာပါက အကြောပြတ်ဒဏ်ရာတွေဖြစ်ပေါ် လာတတ်ပါတယ်။ ဒါပေမယ့်လည်း ရင်သားအကြောပြတ်ခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းများစွာရှိပါတယ်။ အချို့သူတွေမှာတော့ အကြောပြတ်ဒဏ်ရာတွေပိုမိုဖြစ်လေ့ရှိတာကြောင့် လုံးဝဥဿုံမကာကွယ်နိုင်ပေမယ့်လည်း စနစ်တကျကုသမှုခံယူခြင်းဖြင့် မှေးမှိန်အောင်ပြုလုပ်နိုင်ပါတယ်။
1. Cocoa (သို့) Shea Butter နှင့် ပြုလုပ်ထားတဲ့ အလှဆီတွေကို နေ့စဉ်ရင်သားကိုလိမ်းပေးပါ
၎င်းသဘာဝအလှဆီတွေဟာ အစိုဓာတ်ပါဝင်မှုနှုန်းမြင့်မားရုံသာမက အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်းအားကို ကောင်းမွန်စေတာကြောင့် အကြောပြတ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။
2. တစ်နေ့လျှင် နှစ်ကြိမ် ရင်သားများကိုနှိပ်နယ်ပေးပါ
ထိုကဲ့သို့ နှိပ်နယ်ခြင်းဖြင့် သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေကာ ရင်သားသို့သွေးနဲ့အာဟာရဓာတ်များ အလွယ်တကူရောက်ရှိစေပါတယ်။ နောက်ဆက်တွဲအနေဖြင့် အရေပြားကိုပိုမိုကျန်းမာစေကာ အကြောပြတ်ခြင်းကို သက်သာစေပါတယ်။ အနည်းဆုံးစက္ကန့် 90 ခန့် ရင်သားကို စက်ဝိုင်းသဏ္႑ာန်နှိပ်နယ်ပေးပါ။
3. နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ပါ
နှလုံးနှင့်သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးလည်ပတ်မှုကောင်းမွန်စေရုံသာမက ဒဏ်ရာအမာရွတ်တွေကိုလည်း မှေးမှိန်စေပါတယ်။ ထို့ပြင် အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားကိုလည်း ထိန်းသိမ်းပေးတာကြောင့် အကြောပြတ်ဒဏ်ရာတွေဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
4. ဗီတာမင် E ဆေးလုံးကို ဖောက်၍ အရည်ကို ရင်သားပေါ်သို့လိမ်းပေးပါ
ဗီတာမင် E သည် အရေပြားကျန်းမာရေးအတွက် မရှိမဖြစ်ဖြစ်ပြီး အရေပြားပေါ်သို့ လိမ်းပေးခြင်းဖြင့် လိုအပ်တဲ့အာဟာရဓာတ်များကို ဖြည့်တင်ပေးနိုင်ပါတယ်။ အကောင်းဆုံးအစွမ်းကိုမြင်ရစေဖိုပအတွက် နေ့စဉ်လိမ်းပေးဖို့တော့ လိုအပ်ပါတယ်။
5. ကလေးအလှဆီကို ရင်သားပေါ်၌ လိမ်းကျံပါ
အရေပြားခြောက်သွေ့နေပါက အကြောပြတ်ခြင်းပိုမိုဖြစ်နိုင်တာကြောင့် ကလေးအလှဆီလိမ်းခြင်းဖြင့် ရေဓာတ်ဖြည့်ပေးနိုင်ရုံသာမက အရေပြားကိုလည်းနူးညံ့စေပါတယ်။
6. ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာများကို စားသုံးပါ
အာစာရဓာတ်မပြည့်ဝပါက အရေပြားသည် အကြောပြတ်ဒဏ်ရာတွေပိုမိုဖြစ်စေနိုင်ပါတယ်။ ဖြည့်စွက်အားဆေးတွေထက်စာလျှင် လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှ ဗီတာမင်နဲ့ အာဟာရဓာတ်များကို ရယူပါ။
7. ရေများများသောက်ပါ
ရေအလုံအလောက်မသောက်သုံးသ၍ အရေပြားသည် ရေဓာတ်မပြည့်ဝ၍ ခြောက်သွေ့နေပါလိမ့်မယ်။ တစ်နေ့လျှင် အနည်းဆုံး ရေ 2 လီတာခန့် သောက်သုံးသင့်ပါတယ်။
Dr. Thinzar Wynn















