ရာသီလာစဉ်တွင် လိုက်နာသင့်တဲ့ကိစ္စများ
(Zawgyi)
ရာသီလာခ်ိန္မွာ ကၽြန္မတို႔ အမ်ဳိးသမီးေတြရဲ႕ ကိုယ္ခႏၶာတြင္းမွာ ေျပာင္းလဲမႈမ်ားစြာ ျဖစ္ေပၚတယ္ဆိုတာ သိၾကၿပီးျဖစ္ပါလိမ့္မယ္။
ဒါေၾကာင့္ ရာသီလာစဥ္တြင္ လိုက္နာသင့္တဲ့ကိစၥေလးေတြကို သိရွိျခင္းျဖင့္ ေ၀ဒနာမ်ားကို အနည္းနဲ႔အမ်ား ေလ်ာ့ပါးေစမွာျဖစ္ပါတယ္။
(၁) ေကာင္းစြာ အနားယူပါ
ရာသီလာစဥ္မွာ မဟိုမုန္းေတြဟာ အနည္းဆံုး အေျခအေနကို ေရာက္ရွိေနပါတယ္။ ဒါတင္မကေသးပါဘူး။ ကုိယ္ခံအားလည္းက်ဆင္းေနတတ္ၿပီး ပင္ပန္းႏြမ္းနယ္ေန တတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာဆုိရင္ PMS လုိ႔ေခၚတဲ့ ရာသီမလာမီ ခံစားရေသာ ေ၀ဒနာမ်ားလည္း ျပန္လည္ဆိုးရြားလာတတ္တာမို႔ ေကာင္းေကာင္း အနားယူေပးသင့္ပါတယ္။
(၂) အစာ ပံုမွန္စားပါ
ရာသီလာတဲ့အခ်ိန္မွာ စိတ္တိုလြယ္တာမ်ဳိး၊ စိတ္တက္လိုက္က်လိုက္ ျဖစ္တာမ်ဳိးကို ခံစားဖူးၾကပါလိမ့္မယ္။ ဒီအခါမ်ဳိးမွာ ေဘးျဖစ္ေစတဲ့ အစားအစာေတြကို ေရွာင္ၿပီး ေကာင္းမြန္ေသာအစာမ်ားကို မွန္ကန္စြာ စားသံုးျခင္းျဖင့္ စိတ္ဖိစီးမႈမ်ားကို ေလ်ာ့ပါးေအာင္လုပ္ႏုိင္ပါတယ္။
မွန္ကန္တဲ့အစားအစာေတြထဲမွာ အမွ်င္ဓာတ္ၾကြယ္၀ေသာ အစာအုပ္စုျဖစ္တဲ့ ပဲအမ်ဳိးမ်ဳိး၊ အစိမ္းေရာင္အသီးအရြက္မ်ားကို စားေပးျခင္းျဖင့္ ၀မ္းမွန္ေစၿပီး ရာသီလာစဥ္ ကိုက္ခဲျခင္းကိုပါ သက္သာေစႏုိင္ပါတယ္။ အစိမ္းေရာင္အရြက္ေတြမွာ ဗီတာမင္ေက ၾကြယ္၀စြာပါ၀င္တဲ့အတြက္ ရာသီေသြး စီးဆင္းမႈမ်ားျခင္းကိုပါ ကာကြယ္ေပးမွာ ျဖစ္ပါတယ္။
ေနာက္ထပ္ စားေပးသင့္တာကေတာ့ Omgea 3 ဖက္တီးအက္စစ္ ၾကြယ္၀တဲ့ အစားအစားေတြပါပဲ။ ဆယ္မြန္ငါး ၊ ႏွမ္းၾကတ္ေစ့၊ သစ္အယ္သီးစေသာ အေစ့အဆံေတြကို စားေပးသင့္ပါတယ္။ ဒါေတြကို စားျခင္းျဖင့္ ရာသီလာစဥ္ ခံစားရေသာ ေ၀ဒနာေတြကို သက္သာေစပါလိမ့္မယ္။
pH Care 1

(၃) ေရေႏြးအိတ္ ကပ္ပါ
ေရေႏြးကန္စိမ္ျခင္း သို႔မဟုတ္ နာက်င္ေသာ ဗိုက္ေအာက္ပိုင္းကို ေရေႏြးအိတ္ကပ္ျခင္း ျပဳလုပ္ႏုိင္ပါတယ္။ ေရေႏြးအိတ္ ကပ္ေနစဥ္တြင္ ပက္လက္အိပ္ၿပီး ေျခေထာက္ကို နံရံေပၚသို႔ ေျမႇာက္ေပးထားႏုိင္ပါတယ္။
(၄) သန္႔သန္႔ရွင္းရွင္းေနပါ
မႈိပိုးေပါက္ဖြားတာမ်ိဳး မျဖစ္ရေအာင္ လစဥ္သံုးပစၥည္းကို 4-6 နာရီၾကာတုိင္း အခ်ိန္မွန္မွန္လဲပါ။ မိန္းမကိုယ္ကို ေရ (သို႔) အေပ်ာ့စား မိန္းမကိုယ္ သန္႔စင္ေဆးရည္ျဖင့္ ေန႔စဥ္ သန္႔ရွင္းေရးလုပ္ပါ။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)
pH Care 2

(Unicode)
ရာသီလာချိန်မှာ ကျွန်မတို့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာတွင်းမှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်တယ်ဆိုတာ သိကြပြီးဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ရာသီလာစဉ်တွင် လိုက်နာသင့်တဲ့ကိစ္စလေးတွေကို သိရှိခြင်းဖြင့် ဝေဒနာများကို အနည်းနဲ့အများ လျော့ပါးစေမှာဖြစ်ပါတယ်။
(၁) ကောင်းစွာ အနားယူပါ
ရာသီလာစဉ်မှာ မဟိုမုန်းတွေဟာ အနည်းဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ်ခံအားလည်းကျဆင်းနေတတ်ပြီး ပင်ပန်းနွမ်းနယ်နေ တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် PMS လို့ခေါ်တဲ့ ရာသီမလာမီ ခံစားရသော ဝေဒနာများလည်း ပြန်လည်ဆိုးရွားလာတတ်တာမို့ ကောင်းကောင်း အနားယူပေးသင့်ပါတယ်။
(၂) အစာ ပုံမှန်စားပါ
ရာသီလာတဲ့အချိန်မှာ စိတ်တိုလွယ်တာမျိုး၊ စိတ်တက်လိုက်ကျလိုက် ဖြစ်တာမျိုးကို ခံစားဖူးကြပါလိမ့်မယ်။ ဒီအခါမျိုးမှာ ဘေးဖြစ်စေတဲ့ အစားအစာတွေကို ရှောင်ပြီး ကောင်းမွန်သောအစာများကို မှန်ကန်စွာ စားသုံးခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ပါးအောင်လုပ်နိုင်ပါတယ်။
မှန်ကန်တဲ့အစားအစာတွေထဲမှာ အမျှင်ဓာတ်ကြွယ်ဝသော အစာအုပ်စုဖြစ်တဲ့ ပဲအမျိုးမျိုး၊ အစိမ်းရောင်အသီးအရွက်များကို စားပေးခြင်းဖြင့် ဝမ်းမှန်စေပြီး ရာသီလာစဉ် ကိုက်ခဲခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ အစိမ်းရောင်အရွက်တွေမှာ ဗီတာမင်ကေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ရာသီသွေး စီးဆင်းမှုများခြင်းကိုပါ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
နောက်ထပ် စားပေးသင့်တာကတော့ Omgea 3 ဖက်တီးအက်စစ် ကြွယ်ဝတဲ့ အစားအစားတွေပါပဲ။ ဆယ်မွန်ငါး ၊ နှမ်းကြတ်စေ့၊ သစ်အယ်သီးစသော အစေ့အဆံတွေကို စားပေးသင့်ပါတယ်။ ဒါတွေကို စားခြင်းဖြင့် ရာသီလာစဉ် ခံစားရသော ဝေဒနာတွေကို သက်သာစေပါလိမ့်မယ်။
(၃) ရေနွေးအိတ် ကပ်ပါ
ရေနွေးကန်စိမ်ခြင်း သို့မဟုတ် နာကျင်သော ဗိုက်အောက်ပိုင်းကို ရေနွေးအိတ်ကပ်ခြင်း ပြုလုပ်နိုင်ပါတယ်။ ရေနွေးအိတ် ကပ်နေစဉ်တွင် ပက်လက်အိပ်ပြီး ခြေထောက်ကို နံရံပေါ်သို့ မြှောက်ပေးထားနိုင်ပါတယ်။
(၄) သန့်သန့်ရှင်းရှင်းနေပါ
မှိုပိုးပေါက်ဖွားတာမျိုး မဖြစ်ရအောင် လစဉ်သုံးပစ္စည်းကို 4-6 နာရီကြာတိုင်း အချိန်မှန်မှန်လဲပါ။ မိန်းမကိုယ်ကို ရေ (သို့) အပျော့စား မိန်းမကိုယ် သန့်စင်ဆေးရည်ဖြင့် နေ့စဉ် သန့်ရှင်းရေးလုပ်ပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)














