သွေးဆုံးခါနီးပြီဆိုတာနဲ့ ပူရှိန်းရှိန်းေ၀ဒနာကို စတင်ခံစားရမှာလား
တစ်ကိုယ်လုံး ပူရှိန်းရှိန်းဖြစ်တာဟာ သွေးဆုံးခါနီးကာလတစ်လျှောက်မှာ အဖြစ်အများဆုံး ရောဂါလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ အမျိုးသမီး တော်တော်များများဟာ အသက် 45 နဲ့ 55 နှစ်ကြားမှာ သွေးဆုံးလေ့ ရှိပါတယ်။
အချို့အမျိုးသမီးတွေဟာ ချေွးမထွက်ဘဲ ပူစပ်ပူလောင်ခံစားရ၍ အချို့ကတော့ ချေွးထွက်လွန်းလို့ မကြာခဏ အကျႌတောင် လဲရပါတယ်။ ညအချိန်မှာ ပူရှိန်းရှိန်းဖြစ်ပြီး ချေွးတွေကြောင့် အိပ်ရာခင်းတွေ စိုရွှဲကုန်တာကိုတော့ ညဘက်ချေွးထွက်ခြင်းလို့ ခေါ်ေဝါ်ကြပါတယ်။ သွေးဆုံးခါနီးအမျိုးသမီး 85% ခန့်ဟာ ပူစပ်ပူလောင်ဖြစ်ခြင်း (သို့) ချေွးထွက်လွန်ခြင်းတွေကို ခံစားရတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ သာမန်အဆင့်၊ သာလွန်အဆင့်နဲ့ အဆိုးရွားဆုံးအဆင့်ဆိုပြီး သုံးမျိုးှရှိပါတယ်။ အချို့အမျိုးသမီးတွေဟာ လအနည်းငယ်သာ ေ၀ဒနာခံစားရသော်လည်း အချို့ကတော့ နှစ်ပေါင်းများစွာ ခံစားရတတ်ပါတယ်။
ထိုကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ပူရှိန်းရှိန်းဖြစ်ခြင်းဟာ နေ့စဉ်လူနေမှုဘ၀မှာလည်း များစွာ စိတ်ရှုပ်ရစေပါတယ်။ ညဘက်ချေွးထွက်ခြင်းကြောင့် ပင်ပန်းရုံသာမက အိပ်ရေးမ၀တဲ့အတွက် နောက်တစ်ရက်မှာ စိတ်ကြည်လင်လန်းဆန်းမှုလည်း မရှိစေပါဘူး။
Dr. Thinzar Wynn (www.drmyanmar.com)
















