သွေးဆုံးခါနီးအချိန်မှာ အရေပြားယားယံခြင်း
အမျိုးသမီးတွေရဲ့ ဘဝတစ်သက်တာတွင် အပျိုဖော်ဝင်ခြင်း၊ မိခင်ဘဝနှင့် သွေးဆုံးချိန် စသဖြင့် အရွယ်အဆင့်ဆင့်ကို ဖြတ်သန်းကြရပါတယ်။
သွေးဆုံးချိန်သို့ ရောက်ရှိသော အမျိုးသမီးတွေအနေနှင့် ဟော်မုန်းအပြောင်းအလဲများကြောင့် ဖြစ်သော -
1. စိတ်အတက်အကျမြန်ခြင်း၊
2. မျက်နှာနီမြန်းခြင်း၊
3. ညဘက်ချွေးပြန်ခြင်း၊
4. မိန်းမကိုယ်ခြောက်သွေ့ခြင်း
5. အရေပြားများယားယံခြင်းကို ခံစားရလေ့ရှိပါတယ်။
Menopace 1
>> ဘာကြောင့် အရေပြားယားယံတာလဲ?
သွေးဆုံးခါနီးအချိန်မှာ အမျိုးသမီးတွေရဲ့ အီစတိုဂျင်ဟိုမုန်းဟာ လျော့နည်းလာပါတယ်။ နောက်ဆက်တွဲအနေနှင့် ကော်လဂျင်ထုတ်လုပ်နှုန်းပါ ကျဆင်းလာတဲ့အတွက် အရေပြားဟာ ညစ်နွမ်းခြောက်သွေ့လာပါတယ်။
အရေပြားကထွက်သော သဘာဝအဆီတွေဟာလည်း အီစတိုဂျင်နည်းသွားတာနှင့်အမျှ ကျဆင်းလာတာမို့ အရေပြား ခြောက်သွေ့ခြင်းကို ဖြစ်စေပြီး ယားယံစေတာ ဖြစ်ပါတယ်။
Menopace 2
>> သွေးဆုံးချိန်မှာ အရေပြားယားယံခြင်းကို ဘယ်လိုကုသမလဲ?
(၁) Calamine ပါသော ဆေးများလိမ်းခြင်း
(၂) ဗီတာမင်စီ ပါဝင်သောဆေးများသောက်ခြင်း၊ ချဉ်သောအသီးအနှံများစားခြင်း
ဒီလိုလုပ်ကြည့်တာတောင် မသက်သာဘူးဆိုရင်တော့ ဆရာဝန်နှင့် သွားရောက်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















