/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးချိန်မှာ-ဘယ်လိုလေ့ကျင့်ခန်းများ-ပြုလုပ်သင့်သလဲ

သွေးဆုံးချိန်မှာ ဘယ်လိုလေ့ကျင့်ခန်းများ ပြုလုပ်သင့်သလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးများအနေနဲ့ သက်လတ်ပိုင်းကို ကျော်လွန်လာတာနဲ့အမျှ သွေးဆုံးခြင်းကာလကို မဖြစ်မနေ ရင်ဆိုင်လာရပါတယ်။ သွေးဆုံးခြင်း စတင်တာနဲ့အမျှ သွေးဆုံးကိုင်ခြင်းဝေဒနာကို အနည်းနဲ့အများ ခံစားကြရတတ်ပါတယ်။

သွေးဆုံးကိုင်ခြင်းကြောင့် ခံစားရသော ဝေဒနာများကို ရိုးရှင်းလွယ်ကူစွာ သက်သာစေမယ့်နည်းလမ်းတစ်ခုကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သွေးဆုံးချိန်မှာ ဘယ်လိုလေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Menopace 1

(၁)  အကြောဆန့်ခြင်း
အကြောဆန့်ခြင်းဟာ သွေးဆုံးကိုင်ဝေဒနာများအတွက် အလွန်အကျိုးရှိသောလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အလွယ်ဆုံးနည်းအနေနဲ့ ကြမ်းပြင်ပေါ်တွင် ခါးမတ်ပြီး ထိုင်ပါ။ ခြေနှစ်ဖက်ကို ရှေ့သို့ဆန့်တန်းထားပါ။ ညာဘက်ဒူးကိုကွေးပြီး ညာခြေမဖြင့် ဘက်ဘက်ပေါင်ရင်းကို ထိပါ။ ထိုအနေအထားကို ၁ မိနစ်ခန့် ထိန်းထားပါ။ ထို့နောက် ဘယ်ညာပြောင်းလုပ်ပါ။
တစ်နေ့ကို ၁၀ မိနစ်ခန့် အကြောဆန့်ခြင်းဖြင့် သွေးဆုံးချိန်တွင်ဖြစ်သောဝေဒနာများကို သက်သာစေပြီး စိတ်ပျော်ရွှင်မှု ရစေနိုင်ပါတယ်။

(၂)  ကခုန်ခြင်း
ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို မပြုလုပ်ချင်သူတွေဆိုရင်တော့ YouTube ဖွင့်ပြီး လိုက်ကတာမျိုး၊ အေရိုးဗစ်ကစားတာများကို ကစားသင့်ပါတယ်။

Menopace 2

(၃)  ယောဂကစားခြင်းနှင့် တရားထိုင်ခြင်း
တရားထိုင်ခြင်း သို့မဟုတ် ယောဂကစားခြင်းဖြင့် စိုးရိမ်ပူပန်မှုနဲ့ သွေးဆုံးချိန်တွင်ဖြစ်သော စိတ်မကြည်လင်မှုများကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာနီမြန်းခြင်း၊ ညအိပ်မပျော်ခြင်း၊ နုံးခြင်း စသော သွေးဆုံးကိုင်ဝေဒနာများကိုပါ သက်သာစေပါလိမ့်မယ်။

(၄)  အခြားသောကိုယ်လက်လှုပ်ရှားမှုများ
လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း စသည့် နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့်လည်း ကျန်းမာကြံ့ခိုင်စေပြီး သွေးဆုံးကိုင်ဝေဒနာများကို လျော့ပါးစေမှာဖြစ်ပါတယ်။

အထက်ပါလေ့ကျင့်ခန်းများအပြင် အိပ်ရေး၀၀အိပ်ခြင်း၊ အာဟာရပြည့်ဝသော အစားအစာများစားခြင်းတို့ကိုပါ ပြုလုပ်ခြင်းဖြင့် ကြံ့ခိုင်သန်မာသောသွေးဆုံးချိန်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)