သွေးဆုံးပြီးနောက် ရာသီလာခြင်း
အမေး : ကျွန်မက အသက် 50 အရွယ် သွေးဆုံးပြီး အမျိုးသမီးတစ်ယောက်ပါ။ သွေးဆုံးတာ 3 နှစ်လောက်ရှိပြီးမှ အရင်လက ရုတ်တရက် သွေးပြန်ဆင်းလာပါတယ်။ ဘာဖြစ်တာလဲ သိပါရစေရှင့်။
အဖြေ : သွေးဆုံးတယ် ဆိုတာဟာ ရာသီစက်ဝန်း ရပ်တန့်သွားတာဖြစ်ပြီး 12 လတိတိ ဓမ္မတာ မလာတော့တဲ့အခါ သွေးဆုံးတယ်လို့ ဆိုနိုင်ပါတယ်။
သွေးဆုံးပြီးနောက် သွေးပြန်ဆင်းတယ် ဆိုတာဟာ ပုံမှန် မဟုတ်ပါဘူး။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဥပမာအားဖြင့် သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်းဟာ -
● သားအိမ်ကင်ဆာများ
● သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ
● သားအိမ်ပါးခြင်း၊ မိန်းမကိုယ် ခေါင်းပါးခြင်း
● သားအိမ် အသားလုံး
● သားအိမ် ပိုးဝင်ခြင်း
● ဟော်မုန်းဆေးများနဲ့ Tamoxifen ဆေး
● ထိခိုက်ဒဏ်ရာရခြင်း
● ဆီးလမ်းကြောင်း သို့မဟုတ် စအိုမှာ သွေးထွက်ခြင်း
● သားအိမ်ထူခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
ဒါကြောင့် သွေးပြန်ဆင်းတယ် ဆိုတာဟာ စိုးရိမ်ရပါတယ်။ ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။
Dr. Emerald (www.drmyanmar.com)
















