အမျိုးသမီးတို့ရဲ့ ရန်အလိုဆုံးကာလကို ဘယ်လိုကျော်ဖြတ်ကြမလဲ
အမျိုးသမီးတွေ ဓမ္မတာမလာခင်မှာ စိတ်တွေတိုတယ်၊ စိတ်ရှုပ်တယ် စတာမျိုးတွေ ကြားဖူးကြမှာပါ။ ဒါတွေကို Premenstrual syndrome လို့ခေါ်ပါတယ်။ အသေးစိတ်တစ်မျိုးဆီ ပြန်ခွဲထားတာမျိုးတော့ရှိပေမယ့် ယေဘုယျအားဖြင့်တော့ တစ်မျိုးတည်း ပေါင်းပြောကြပါတယ်။
Premenstrual syndrome က အမျိုးသမီးတွေ သားဥကြွေပြီး ရာသီမလာခင်စပ်ကြားမှာ ခံစားရတတ်ပါတယ်။ ရာသီလာတာနဲ့ သက်သာသွားပါတယ် ဒါမှမဟုတ်လည်း အပြီးပျောက်သွားတတ်ပါတယ်။
လက္ခဏာတွေက အမျိုးမျိုးရှိပြီး အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် ခံစားရတာခြင်းလည်း မတူညီတတ်ပါဘူး။ အဓိကအနေနဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ လက္ခဏာဆိုပြီး ၃ မျိုး ခွဲထားပါတယ်။
Dolfenal 1

>> ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လက္ခဏာတွေက -
1. ရင်သားနာကျင်တာ
2. ဗိုက်ပွ၊ ဗိုက်ဖောင်းတာ
3. ဝက်ခြံထွက်တာ
4. ရှိပြီးသားရောဂါ ပိုဆိုးတာ ဥပမာ- ရင်ကြပ်ရောဂါ၊ အတက်ရောဂါရှိတဲ့လူတွေ
5. ဆီးချိုရောဂါရှိတဲ့လူတွေဆိုရင်လည်း သွေးတွင်းသကြားဓာတ်တွေ ထိန်းမရဖြစ်ပြီး ဆေးရုံပါ တက်ရနိုင်ပါတယ်။
>> စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေက -
1. စိတ်ဓာတ်ကျတာ
2. စိတ်တွေရှုပ်ထွေးတာ
3. အရမ်းဆိုးရင် ကိုယ့်ကိုယ်ကို မုန်းတာ၊ သတ်သေချင်စိတ်ပေါ်တာ
4. စိတ်တိုလွယ်တာ
5. ဒေါသကြီးတာ
Dolfenal 2

>> အပြုအမူပိုင်းဆိုင်ရာ လက္ခဏာတွေက -
1. လူတွေနဲ့ သိပ်မတွေ့တာ
2. အလုပ်ကနေ ခွင့်ယူတာ စတာတွေ ခံစားရနိုင်ပါတယ်။
အမျိုးသမီး တော်တော်များများက ဒီလက္ခဏာတွေ ပေါ်လာတာကြည့်ပြီး သူတို့ရဲ့ဓမ္မတာ ဘယ်တော့လာမယ်ဆိုတာ ခန့်မှန်းနိုင်ကြပါတယ်။ အမျိုးသမီးတွေရဲ့ ၅% လောက်က တော်တော်ဆိုးတတ်ပြီး သူတို့ရဲ့ နေ့စဉ်ဘဝအပေါ်မှာပါ သက်ရောက်တာကို တွေ့ရပါတယ်။ ဒါမျိုးက တစ်သက်လုံးဖြစ်နေပြီး သက်သာတဲ့လရှိသလို အရမ်းဆိုးတဲ့လမျိုးလည်း ရှိနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ပိုဆိုးလာတာကို တွေ့ရပြီး သွေးဆုံးခါနီးမှာတော့ အဆိုးဆုံး ဖြစ်တတ်ပါတယ်။
ကိုယ့်မှာ ဒီလိုတွေ ခံစားနေရတယ်ဆိုရင် လက္ခဏာတွေကို ဒိုင်ယာရီ ချရေးထားပါ။ ဆရာဝန်နဲ့ ပြသတဲ့အခါမှာ အထောက်အကူပြုပါတယ်။
အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့ဝေဒနာတွေ၊ အသက်အရွယ်တွေလည်း မတူညီတာကြောင့် ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။
Dr. Htar (www.drmyanmar.com)
















