အမျိုးသမီးများနဲ့ သွေးအားနည်းရောဂါ
သွေးနီဥရဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ Haemoglobin ပမာဏ လုံလုံလောက်လောက်မရှိတာကို သွေးအားနည်းရောဂါလို့ ခေါ်ပါတယ်။ သွေးအားနည်းတဲ့အခါ မောပန်းခြင်း၊ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မောခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ကမ္ဘတစ်ဝှမ်းမှာ သွေးအားနည်းရောဂါဟာ အဖြစ်များပြီး အများစုကတော့ သံဓာတ်ချို့တဲ့တာကြောင့် ဖြစ်ရတာပါ။ သံဓာတ်ချို့တဲ့တာကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။
Feroglobin IA 1

>> ဘာကြောင့် အမျိုးသမီးတွေက သွေးအားနည်းရောဂါ ပိုဖြစ်ရတာလဲ?
● အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ဦးဟာ ဓမ္မတာလာတဲ့အခါ သွေးဆုံးရှုံးမှုရှိလို့ သွေးအားနည်းတတ်ပါတယ်။ အထူးသဖြင့် ဓမ္မတာလာတာ ရက်ကြာတဲ့ အမျိုးသမီးတွေ၊ ရာသီသွေးဆင်းများတဲ့ အမျိုးသမီးတွေဟာ သွေးအားနည်းရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။
● သားအိမ်ထဲမှာ အသားလုံးရှိသူတွေ၊ သားအိမ်ထဲမှာ သန္ဓေတားပစ္စည်းထည့်ထားသူတွေဟာ ဒီလိုအရာတွေကနေ သွေးထွက်နိုင်လို့ သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။
● အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲကကလေး ကောင်းကောင်းဖွံ့ဖြိုးဖို့အတွက် သံဓာတ် ပိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ကြွယ်ဝတာတွေ မစားဘူး၊ သံဓာတ်ပါဝင်တဲ့အားဆေး မသောက်ဘူးဆိုရင် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတတ်ပါတယ်။
● ဒါ့အပြင် ကလေးမွေးချိန်မှာလည်း သွေးဆုံးရှုံးမှုရှိတာကြောင့် သွေးအားနည်းနိုင်ပါတယ်။
Feroglobin IA 2

>> အမျိုးသမီးတွေအနေနဲ့ သွေးအားနည်းရောဂါမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်ကြမလဲ?
● သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခံယူပါ။
● သံဓာတ်ကြွယ်ဝတဲ့ အနီရောင်အသားတွေ၊ ပင်လယ်စာတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ သံဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို များများစားပေးပါ။
● လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ်အားဖြည့်ဆေး သောက်သုံးပေးပါ။
● ဖောလစ်အက်စစ်နဲ့ ဗီတာမင် B12 ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ချဉ်တဲ့အသီးတွေ၊ အသည်းနဲ့ အနီရောင်အသားတွေကို စားသုံးပေးပါ။
● ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ်အားဆေး သောက်ပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)















