မိခင်နို့မတိုက်သော လူမည်းအမျိုးသမီးများတွင် ပြင်းထန်သော ရင်သားကင်ဆာဖြစ်နိုင်
Category
အမျိုးသမီးများနှင့်ကျန်းမာရေး
Boston တက္ကသိုလ်၏ လေ့လာမှုအသစ်များအရ မိခင်နို့မတိုက်သော လူမည်းအမျိုးသမီးများတွက် ပိုမိုပြင်းထန်သော ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်နေကြောင်း တွေ့ရှိရပါတယ်။ ဒီလေ့လာစမ်းသပ်မှုမှာ ရင်သားကင်ဆာခံစားနေရတဲ့ လူမည်းအမျိုးသမီးပေါင်း 3700 ကျော် ပါ၀င်ခဲ့ကြပါတယ်။
ရင်သားကင်ဆာတွင် မဟော်မုန်းလို့ခေါ်တဲ့ အီစထရိုဂျင်ဟော်မုန်းပေါ်တွင် မူတည်တဲ့ ရင်သားကင်ဆာနဲ့ အီစထရိုဂျင်ဟော်မုန်းပေါ်တွင် မမူတည်တဲ့ ရင်သားကင်ဆာဆိုပြီး နှစ်မျိုးရှိပါတယ်။ အီစထရိုဂျင် ဟော်မုန်းပေါ် မမူတည်တဲ့ ရင်သားကင်ဆာဟာ ပိုမိုပြင်းထန်ပြီး သေဆုံးနိုင်ချေမြင့်မားပါတယ်။
လေ့လာမှုအရ မိခင်နို့မတိုက်တဲ့ လူမည်းအမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းပေါ်မမူတည်တဲ့ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားနေကြောင်းတွေ့ရှိခဲ့ပါတယ်။
Dr. Htet Htet Aung
















