/
news/အမျိုးသမီးများ-နှင့်-ကျန်းမာရေး/လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့်-အမျိုးသမီးရောဂါတစ်မျိုးဖြစ်တဲ့

လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အမျိုးသမီးရောဂါတစ်မျိုးဖြစ်တဲ့ (Endometriosis) ရဲ့ ရောဂါလက္ခဏာများကို သက်သာစေနိုင်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        Endometriosis သည် သားအိမ်အတွင်းသားတစ်ရှူးများ သားအိမ်အပြင်သို့ နယ်ကျွံရောက်ရှိနေသောရောဂါဖြစ်ပါတယ်။ Boston Children’s Hospital မှာရှိတဲ့ Young Women’s Health Center ရဲ့အဆိုအရ (ဥပမာ - ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ တစ်နေ့မှာ တစ်နာရီလောက် မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်သွားပါက) Endometriosis ရဲ့ရောဂါလက္ခဏာများကို သက်သာစေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ -

1. Endometriosis ရောဂါကုသနည်းရဲ့ အဓိကအချက်ကတော့ အီထရိုဂျင် Osteogen ဟော်မုန်းပမာဏကိုလျှော့ချခြင်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းကြောင့် အီစထရိုဂျင်ဟော် မုန်းကိုလျှော့ကျစေပါတယ်။

2. လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ခံစားမှုကိုကောင်းစေတဲ့ အန်ဒေါ်ဖင်း (Endorphin) ဟော်မုန်းထွက်လာပါတယ်။ အဲဒီဟော်မုန်းကနာကျင်မှုကိုလျော့ပါးစေတဲ့ ဂုဏ်သတ္တိရှိပြီး လေ့ကျင့်ခန်းလုပ်ပြီး ၁၀ မိနစ်အကြာမှာတင် ခန္ဓာကိုယ်ထဲက အန်ဒေါ်ဖင်းစတင်ထွက်လာပါတယ်။

3. ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ထားသောကြောင့် သွေးလည်ပတ်မှုကောင်းမွန်ပြီး ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းအားလုံးဆီ သွေးစီးဆင်းမှုကောင်းကာ ကျန်းမာရေးကောင်းစေပါတယ်။ ဒါပေမယ့် ပြေးခြင်း၊ ခုန်ခြင်းစတဲ့ လှုပ်ရှားမှုမြန်ပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ OG နဲ့ အရင်တိုင်ပင်ဖို့လိုပါလိမ့်မယ်။

ရောဂါလက္ခဏာတွေအနေနဲ့

1. ရာသီလာစဉ်အလွန်အမင်း နာကျင်ကိုက်ခဲခြင်း

2. ရာသီလာပြီးနောက်ပိုင်းရက်များအထိ ၀မ်းဗိုက်နှင့် ခါးနေရာမှ နာကျင်ကိုက်ခဲခြင်း

3. အမျိုးသားနှင့်အတူနေစဉ် နာကျင်ခြင်း

4. ဆီး၊ ၀မ်းသွားစဉ် နာကျင်ခြင်း

5. သွေးဆင်းများခြင်း၊ တစ်လတွင် တစ်ကြိမ်မကသွေးဆင်းခြင်း စတဲ့ေ၀ဒနာတွေကို ခံစားရတတ်ပါတယ်။