ကလေးလိုချင်တဲ့ အိမ်ထောင်ရှင်အမျိုးသားတွေ ဘာတွေစားပြီ ဘာတွေရှောင်ကြမလဲ…
>> ဘာတွေ စားမလဲ?
1) ကမာ
ကာမအားတိုးဆေးအဖြစ် သိရှိထားကြတဲ့ ကမာကောင်မှာ ဇင့်ဓာတ်ပါ၀င်တာကြောင့် သုတ်ကောင် အရေအတွက်တိုးပွားစေပြီး အဖိုဟော်မုန်းထုတ်လုပ်မှုကိုလည်းအားကောင်းစေပါတယ်။ တကယ်လို့ ပင်လယ်စာတွေစားသုံးလိုတဲ့ ဆန္ဒမရှိဘူးဆိုရင်တော့ အမဲသား၊ မွေးမြူရေးကြက်သား၊ ဘဲသား၊ အခွံမာသီးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဥများ၊ ဂျုံနဲ့ ပြုလုပ်ထားသောအစားအစာများ၊ ပဲသီးတောင့် စတဲ့ ဇင့်ဓာတ်ပါ၀င်တဲ့ အစားအစာတွေကိုစားသုံးပေးသင့်ပါတယ်။
2) ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများ
ဗီတာမင် A ကြွယ်၀တဲ့ အစားအစာတွေဖြစ်တဲ့ အစိ်မ်းရောင်ဟင်းသီးဟင်းရွက်များ၊ မုန်လာဥ၊ ငရုတ်ကောင်း၊ မက်မွန်သီး၊ ချယ်ရီသီးတို့ကိုစားသုံးခြင်းဖြင့် သုတ်ကောင်ကိုတက်ကြွစေနိုင်ပါတယ်။ ဒါ့အပြင် လိမေ္မာ်သီးဖျော်ရည်၊ ခရမ်းချဉ်သီး၊ စပျစ်သီး၊ ပန်းဂေါ်ဖီစိမ်းအစရှိတဲ့ ဗီတာမင် C မြင့်မားစွာပါ၀င်တဲ့ အစားအစာတွေကလည်းသုတ်ကောင်စွမ်းဆောင်ရည်ကို မြင့်မားစေပါတယ်။ ဟင်းသီးဟင်းရွက်ဆီ (သံလွင်ဆီ၊ အုန်းဆီ) တို့မှ သုတ်ကောင်လေးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် E ကိုရရှိစေနိုင်ပြီး ဖောလစ်အက်ဆစ်ဓာတ်ပါ၀င်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပဲသီးတောင့်နဲ့ သစ်သီး၀လံတွေကိုလည်းစားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ဗီတာမင် A, C, E နဲ့ ဖောလစ်အက်ဆစ်တို့ ပြည့်နှက်နေတဲ့ ကန်စွန်းဥကလည်း မဖြစ်မနေစားသုံးသင့်တဲ့ အစားအစာထဲမှာ ပါ၀င်ပါတယ်။
Revicon 1

3) တလည်းသီးဖျော်ရည်
ဆဲလ်တွေမှာဓာတ်တိုးပြီးပျက်စီးတဲ့ဖြစ်စဉ်တွေကိုဟန့်တားပေးနိုင်တဲ့ အာနိသင်လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်ပါ၀င်တဲ့ တလည်းသီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့်လည်း သုတ်ကောင်အရေအတွက် ကိုတိုးပွားစေနိုင်ပါတယ်။
4) ဖရုံစေ့
ဖရုံစေ့မှာပါ၀င်တဲ့ ဇင့်ဓာတ်ဟာ ဖိုလိင်ဟော်မုန်းကို မြှင့်တင်ပေးပြီး သုတ်ကောင်အရေအတွက်ကိုတိုးပွားစေနိုင်ပါတယ်။ ဒါ့အပြင် အိုမီဂါ 3 ဖက်တီးအက်ဆစ်ရဲ့ အစွမ်းထက်မှုကြောင့်လည်းအိမ်ထောင်ရေးသုခကိုအပြည့်အ၀ရရှိစေနိုင်တဲ့အပြင် လိင်အင်္ဂါဆီကို သွေးစီးဆင်းမှုကောင်းအောင် လှု့ံဆော်ပေးနိုင်ပါတယ်။ ဖရုံစေ့ကိုမစားဖြစ်ရင်တောင်မှ နှမ်းကြတ်ဆီ၊ ဗန်ဒါစေ့နဲ့ ဆာမွန်ငါး၊ ဆာဒင်းငါးတို့လိုအဆီထူငါးမျိုးကိုစားသုံးခြင်းဖြင့်လည်း အိုမီဂါ 3 ဖက်တီးအက်ဆစ်ကို အပြည့်အ၀ရရှိစေနိုင်ပါတယ်။
>> ဘာတွေ ရှောင်မလဲ?
- အာဟာရမမြောက်တဲ့ ပြည့်၀ဆီတွေပါ၀င်တဲ့ အာလူးကြော်၊ ၀က်အူချောင်း၊ ဒိန်ခဲနဲ့ အချိုဓာတ်ကဲထားတဲ့ ဒိုးနတ်ကဲ့သို့ မုန့်မျိုးတွေ စားသုံးခြင်းဟာ မျိုးအောင်နိုင်စွမ်းကို နှောင့်နှေးစေပါတယ်။
- ကဖင်းဓာတ်ပါ၀င်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ စွမ်းအားဖြည့်အချိုရည်တွေကို လွန်ကဲစွာသောက်သုံးခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းတို့ကြောင့်လည်း သုတ်ကောင်တိုးပွားမှုကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်ကိုတစ်နေ့နှစ်ခွက်ထက်ပိုပြီး မသောက်သင့်တဲ့အပြင် အရက်သောက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။
Revicon 2

(Unicode)
>> ဘာတှေ စားမလဲ?
1) ကမာ















