စိတ်သွားတိုင်းကိုယ်မပါ အပြီးမြန်နေတဲ့အခါ
အပြီးမြန်တယ်ဆိုတာ အမျိုးသားတွေကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ အမျိုးသား ၃ ယောက်မှာ ၁ ယောက်လောက် ကြုံရတတ်ပါတယ်။ မကြာမကြာမဖြစ်တတ်ရင် ကိစ္စမရှိပါဘူး။
ဒါပေမဲ့ -
● အတူနေပြီး ၁-၃ မိနစ်လောက်အတွင်း လွှတ်တတ်ရင်
● အတူနေတိုင်း အမြဲတမ်းနီးပါး အလွှတ်မြန်နေရင်
● စိတ်ညစ်ညူးပြီး အတူနေဖို့ကိုပါ ရှောင်ရှားလာရင် မြန်နေပြီလို့ ဆိုနိုင်ပါတယ်။
Oligocare IA 1

ဒီလိုမြန်စေတဲ့အကြောင်းရင်းတော့ အတိအကျမရှိတတ်ပါဘူး။ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ -
>> စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းများ
● လူကြီးရေးရာ ကိစ္စတွေမှာ အတွေ့အကြုံစောခြင်း
● အရင်က စော်ကားခံရဖူးခြင်း
● ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို မကြိုက်၊ မနှစ်သက်ခြင်း
● စိတ်ဓာတ်ကျခြင်း
● အပြီးမြန်ခြင်းအတွက် စိတ်သောကရောက်နေခြင်း
>> တခြားအကြောင်းရင်းတွေကတော့ -
● ထောင်မတ်ရာမှာပြဿနာရှိခြင်း
● စိတ်ပူပန်မှုများခြင်း
● ချစ်မှုရေးရာဆက်ဆံရေးပြဿနာများရှိခြင်း
Oligocare IA 2

>> ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အကြောင်းရင်းများ
● ဟော်မုန်းမညီမျှခြင်း
● ဦးနှောက်ဓာတ်များမညီမျှခြင်း
● ဆီးကျိတ် (သို့) ဆီးလမ်းကြောင်းရောင်ရမ်းပိုးဝင်ခြင်း
● မျိုးရိုးလိုက်ရောဂါများ
ဒီလို အပြီးမြန်နေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့ မရှက်ပါနဲ့နော်။ ဒီအခြေအနေမျိုးဟာ အဖြစ်များပြီး ကုသရလည်း လွယ်ပါတယ်။
















