/
news/အမျိုးသားများနှင့်ကျန်းမာရေး/ဆေးလိပ်သောက်သုံးခြင်းနှင့်-နာတာရှည်ခါးနာခြင်း

ဆေးလိပ်သောက်သုံးခြင်းနှင့် နာတာရှည်ခါးနာခြင်း

Category
အမျိုးသားများနှင့်ကျန်းမာရေး

        လေ့လာမှုအသစ်များအရ ဆေးလိပ်သောက်သုံးခြင်းနှင့် နာတာရှည်ခါးနာခြင်းတို့ ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ ခါးနာခြင်းသည် လူအများကြားတွင်အဖြစ်များသော ဝေဒနာ တစ်ခုဖြစ်ပြီး ဆေးလိပ်သောက်သုံးသူများဟာ အခြားသူများထက် ခါးနာ၊ ခါးကိုက် ဝေဒနာကို 3 ဆပိုမိုခံစားရလေ့ရှိပါတယ်။ သုတေသီများက ခါးနာဝေဒနာကို 12 ပတ်ခန့်ခံစားနေရသူ 160 ဦး၊ ခါးနာဝေဒနာကို 5 နှစ်နှင့်အထက်ခံစားနေရသူ 32 ဦးနှင့် ခါးနာဝေဒနာမခံစားရသူ 35 ဦးကို ဆေးလိပ်သောက်သုံးခြင်းနှင့် ပတ်သက်သော မေးခွန်းများဖြေဆိုခိုင်းခြင်း၊ ၎င်းတို့၏ဦးနှောက်များကို MRI ရိုက်ခြင်းတို့ ပါ၀င်သောစစ်ဆေးမှုများပြုလုပ်ခဲ့ကြပါတယ်။ စစ်ဆေးမှုရလဒ်များအရ ဆေးလိပ်သောက်သောသူ များတွင် ခါးနာေ၀ဒနာကိုခံစားရလေ့ရှိပြီး၊ MRI ရလဒ်တွင်လည်း ဦးနှောက်တွင်းရှိ အစိတ်အပိုင်းနှစ်ခုဖြစ်သော nucleus accumbens နှင့် medial prefrontal cortex နှစ်ခုဆက်သွယ်မှု သည် ဆေးလိပ်သောက်သောသူများတွင် ပိုမိုခိုင်မာတာကိုတွေ့ရပါတယ်။ ၎င်းအစိတ်အပိုင်းနှစ်ခုသည် စွဲလမ်းခြင်းနှင့် သင်ယူမှုတွင်အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ၎င်းအစိတ်အပိုင်းနှစ်ခုကြားရှိ ဆက်သွယ်မှုပြင်းထန်လာတာနဲ့အမျှ ခါးနာဝေဒနာ ခံစားရနိုင်ခြေလည်း ပိုမိုမြင့်မားလာတယ်လို့သိရပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သုံးခြင်းကို လျော့ချလိုက်ပါက ၎င်း ဝေဒနာလည်း သိသာလျော့ပါးသွားတယ်လို့ ထပ်မံတွေ့ရှိခဲ့ကြပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)