/
news/အမျိုးသားများနှင့်ကျန်းမာရေး/ဆွဲဆောင်မှုရှိသော-အမျိုးသားတို့၏-ထိပ်တန်းလျှို့၀ှက်ချက်များ

ဆွဲဆောင်မှုရှိသော အမျိုးသားတို့၏ ထိပ်တန်းလျှို့၀ှက်ချက်များ

Category
အမျိုးသားများနှင့်ကျန်းမာရေး

1.ခန္ဓာကိုယ်မှ မလိုအပ်သောအမွှေးအမျှင်များကို ဖယ်ရှားခြင်း

                 စမတ်ကျကျ၊ အမြဲသန့်သန့်ပြန့်ပြန့်နေတတ်သူ အမျိုးသမားတွေအနေနဲ့ ၎င်းတို့ ခန္ဓာကိုယ်မှ အထူး သဖြင့် ရင်ဘတ်နဲ့ ၀မ်းဗိုက်ပိုင်းနေရာတို့မှ အမွှေးအမျှင်တွေကို အစဉ်တစိုက် ဂရုပြုပြီးဖယ်ရှားလေ့ရှိတတ်ကြပါ တယ်။ ယင်းအမွှေးအမျှင်တွေမှာ ဗက်တီးရီးယားများ လွယ်ကူစွာပေါက်ဖွားနိုင်ပြီး ခန္ဓာကိုယ်မှ အန့ံဆိုးများထွက် စေကာ ဆွဲဆောင်မှုအားလျော့စေတယ်လို့ ယူဆထားခြင်းကြောင့်ဖြစ်ပါတယ်။

 

2.တည်ကြည်လေးနက်စွာ နေထိုင်ပြောဆိုခြင်း

                 တည်တည်ကြည်ကြည်လေးလေးနက်နက်ရှိတဲ့သူကို လူတိုင်းက ယုံကြည်တယ်၊ လေးစားတယ်၊ အားကိုးအားထားပြုတယ်လို့ ခံယူထားသလို အမျိုးသမီးတိုင်းကလည်း ပျော်ပျော်ပါးပါးနေတတ်သူအမျိုးသားများ ထက် တည်ကြည်မှုရှိတဲ့ အမျိုးသားကို အတွေးအခေါ်အမြော်အမြင်ကြီးမားသူ တစ်ယောက်၊ အရာရာကိုလေးလေးနက်နက်ဆင်ခြင်နိုင်စွမ်းရှိသူတစ်ယောက်အဖြစ် ရာနှုန်းပြည့် လက်ခံယုံကြည်ထားတဲ့အတွက် ပိုပြီးလေးစား ကြတယ်လို့ မှတ်ယူထားခြင်းကြောင့် တည်ကြည်ခန့်ညားသူအမျိုးသားတွေအနေနဲ့ ၎င်းတို့ရဲ့ပြုမူပြောဆိုစား သောက်ဟန်တွေကို စက္ကန့်မိနစ်နဲ့အမျှ သတိမူနေလေ့ရှိတတ်ကြပါတယ်။

Revicon 1

3.ရေရှည်ဆက်ဆံရေးအတွက် အပြုသဘောဆောင်ခြင်း

                 တည်ကြည်လေးနက်သူတစ်ဦးဖြစ်ပေမယ့် ခက်ထန်တင်းမာသူတစ်ဦး၊ အများတကာက ကြောက်ရွံ့ တွန့်ဆုတ်စွာ ပြောဆိုဆက်ဆံရသူတစ်ဦး မဖြစ်အောင် ဖော်ဖော်ရွေရွေနေတတ်ပါတယ်။ မည်သည့် အကြောင်း အရာကိစ္စတိုင်းကိုမဆို ၎င်းနဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၀န်ခံပြောဆိ်ုနိုင်လာအောင် မိမိရဲ့ ပြောဆိုပြုမူပုံတွေ တင်းမာ မနေစေရန် အစစအရာရာ ဂရုတစိုက် နေထိုင်လေ့ရှိတတ်ကြပါတယ်။

 

4.မိမိ၏ အရပ်အမောင်းအား အလေးထားခြင်း

                 ယုံကြည်မှုပိုတိုးစေဖို့အတွက် ပင်ကိုအရပ်ထက်ပိုမြင့်စေမယ့် ဖိနပ်ကိုရွေးချယ်စီးလေ့ရှိတတ်ကြပါ တယ်။ ဒါ့အပြင် မိမိကို စမတ်ပိုကျစေပြီး ဆွဲဆောင်မှုပိုစေတယ်လို့ မှတ်ယူထားခြင်းကြောင့်ဖြစ်ပါတယ်။

 

5.အမြဲတမ်း ခန္ဓာကိုယ်မတ်မတ်နေခြင်း

                 စမတ်ကျကျနေတတ်သူတွေကိုသတိထားမိခြင်းဖြင့် ခန္ဓာကိုယ်ကွေးညွတ်နေခြင်း

မရှိသလောက်ပါဘဲ။ မတ်မတ်နေခြင်းဟာ မိမိကိုအရပ်ပိုရှည်စေတယ်၊ ယုံကြည်မှုပိုရှိစေတယ်၊ အရာရာကို ဦးစီးဦး ဆောင်လုပ်ဆောင်နိုင်တယ်လို့ ခံစားချက်မျိုးပေးစွမ်းခြင်းကြောင့်ဖြစ်ပါတယ်။

Revicon 2

6.ပါးသိုင်းမွှေးထားခြင်း

                 မေးစေ့သေးရင် စိတ်ဓာတ်ပျော့ညံ့တယ်ဆိုတဲ့ အင်္ဂါရုပ်လိုယူဆတဲ့အတွက် မေးရိုးကြီးသယောင် ဖြစ်အောင် ပါးသိုင်းမွှေးထားတတ်ကြပါတယ်။ ပါးသိုင်းမွှေးထားခြင်းကြောင့် စိတ်ဓာတ်ပြင်းထန်သူ တစ်ယောက် အဖြစ်ထင်မှတ်စေနိုင်ပြီး မိမိကိုယ်ကို ယောကျ်ားပီသသူတစ်ယောက်၊ ဆွဲဆောင်မှုရှိသူတစ်ယောက်အဖြစ် လက်ခံ ယုံကြည်စေလို့ပဲဖြစ်ပါတယ်။

 

7.မျက်နှာကို အမြဲတမ်းကြည်လင်သန့်ပြန်နေစေခြင်း

                 ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေးထားရတာ နှစ်သက်သူရှိသလို မျက်နှာမှာ မျက်ခုံးမွှေးမှ လွဲပြီးမည်သည့် အမွှေးအမျှင်မှရှိမနေခြင်းကို နှစ်သက်သူလည်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေးထား ခြင်းဟာယောကျ်ားပိုပီသသွားနိုင်စေပေမယ့်၄င်းအမွှေးအမျှင်ကရုပ်ရည်နဲ့မလိုက်ဖက်ခြင်းကြောင့် ရုပ်ရည်ရူပကာကို ပိုပြီးအကျည်းတန်းစေနိုင်တယ်လို့ ယူဆချက်ကြောင့် မျက်နှာသွင်ပြင်ကို မိမိနဲ့ လိုက်ဖက်အောင် ပြင်ဆင်တတ်ကြပါတယ်။ မိမိကိုယ်ကို ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေးတွေနဲ့ မလိုက်ဖက်ဘူး၊ ဆွဲဆောင်မှုမရှိစေဘူး လို့ယူဆထားသူတွေက မျက်နှာမှာ အမွှေးအမျှင်များမရှိစေရန် အစဉ်အမြဲ ဂရုစိုက်တတ်လေ့ရှိကြပါတယ်။

 

8.ကိုယ်လုံးကိုယ်ထည်ပေါ်လွင်စေမယ့် အ၀တ်အစားကို၀တ်ဆင်ခြင်း

                 ဗွီပုံသဏ္႑ာန် ခန္ဓာကိုယ်ကို ပေါ်လွင်အောင်် စမတ်ကျကျ ၀တ်စားဆင်ယင်လေ့ရှိတတ်ကြပါတယ်။ ရင်အုပ်ကျယ်ကျယ်၊ တောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်ထည်ကို ထင်ရှားသိသာစေမယ့် အ၀တ်အစားတွေကို စနစ် တကျရွေးချယ်၀တ်ဆင်တတ်ကြပြီး မိမိကိုယ်ကို ဆွဲဆောင်မှုပိုရှိတဲ့ အမျိုးသားတစ်ဦးအသွင်သို့ ဖန်တီးယူလေ့ရှိ ကြပါတယ်။

 

9.ကိုယ်သင်းရနံ့စွဲထင်စေခြင်း

                 အန့ံစူးစူးရေမွှေးတွေဟာ တစ်ဖက်လူအတွက် ဓာတ်မတည့်ခြင်း၊ မူးမော်ခြင်းတို့ ဖြစ်စေနိုင်တာ ကြောင့် ယင်းကဲ့သို့အမွှေးန့ံတွေကို အသုံးပြုခြင်းမှ အတတ်နိုင်ဆုံးရှောင်ကျဉ်လေ့ရှိကြပြီး အနံ့သင်းသင်းရေမွှေး ကိုသာ စွတ်ဖျန်းခြင်း ဒါမှမဟုတ် မိမိကိုယ်သင်းရန့ံကောင်းမွန်စေရန်သာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက် တတ်ကြပါတယ်။

 

10.လေ့ကျင့်ခန်းလုပ်ခြင်း

                 ကြွက်သားတွေကျန်းမာသန်စွမ်းစေပြီး ခန္ဓာကိုယ်ဖွံ့ထွားတဲ့ ယောကျ်ားပီသူသူဖြစ်စေရန်အတွက်

လေ့ကျင့်ခန်းယူလေ့ရှိတတ်ကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်သန်မာ ထွားကြိုင်လာစေတာ

နဲ့အမျှ မိမိကိုယ်ကို ယုံကြည်ချက်ပြည့်၀လာစေပြီး ဆွဲဆောင်မှုရှိသူတစ်ယောက်အဖြစ် ဝံ့ကြွားစေနိုင်တယ်လို့

မှတ်ယူထားခြင်းကြောင့် ဖြစ်ပါတယ်။

 

www.drmyanmar.com

(Unicode)



 



 



 



 




 



 



 



 



 






www.drmyanmar.com