ထိပ်ပြောင်ခြင်းနှင့် ဆီးကျိတ်ကင်ဆာဆက်စပ်မှုရှိ
Category
အမျိုးသားများနှင့်ကျန်းမာရေး
ထိပ်ပြောင်ခြင်းဟာအသက် 50 ကျော်အရွယ် အမျိုးသားတွေမှာ အဖြစ်များတဲ့လက္ခဏာရပ်ပါ။ ထိပ်ပြောင်တဲ့ အမျိုးသားတွေရဲ့ ဆီးကျိတ်မှာရှိတဲ့ အလုံးအဖုကြီးထွားနှုန်းဟာ သာမာန်ဆံပင်သန်သူ အမျိုးသားတွေထက် ကြီးထွားမှုနှုန်းပိုမြန်ပါတယ်။ အမျိုးသားတွေမှာ ထိပ်ပြောင်ရခြင်းဟာ ကျားဟော်မုန်း Testosterone Hormone (တက်စထရိုစတီရုန်းဟော်မုန်း) များနေခြင်းကြောင့်ဖြစ်ပြီး ယင်းတက်စထရိုစတီရုန်းများခြင်းဟာ ဆံပင်ကိုပါးစေပြီး ဆံပင်မွေးညှင်းပေါက် အသစ်ထွက်ခြင်းကို ရပ်တန့်စေတဲ့အပြင် ဆီးကျိတ်ကင်ဆာဖြစ်စေခြင်းကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် ထိပ်ပြောင်သူအမျိုးသားများအနေနဲ့ ဆီးကျိတ်အခြေအနေကောင်းမွန်မှု ရှိ/ မရှိ ကျန်းမာရေး စစ်ဆေးမှုခံယူသင့်ပါတယ်။
CMS
















