/
news/အမျိုးသားများနှင့်ကျန်းမာရေး/နေရောင်ကာခရင်မ်များကြောင့်-အမျိုးသားများ၏

နေရောင်ကာခရင်မ်များကြောင့် အမျိုးသားများ၏ မျိုးအောင်နှုန်းကျဆင်းနိုင်

Category
အမျိုးသားများနှင့်ကျန်းမာရေး

        အသက် 18 နှစ်နှင့် အထက်အရွယ်ရှိ ကလေးယူရန်ပြင်ဆင်နေကြသော ကျန်းမာရေးကောင်းမွန်သည့် လင်မယားစုံတွဲ 501 တွဲကို လေ့လာမှုပြုလုပ်ခဲ့ရာမှ နေရောင်ကာခရင်မ််များ အသုံးပြုခြင်းဟာ အမျိုးသားများရဲ ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေကြောင်း တွေ့ရှိခဲ့ပါတယ်။ နေရောင်ကာခရင်မ်တွင် ပါ၀င်သော benzophenone-type Ultraviolet filters လို့ခေါ်တဲ့ ဓါတုပစ္စည်းတွေဟာ အရေပြားမှတဆင့် စိမ့်၀င်သွားပြီး ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများ၏ လုပ်ဆောင်ချက်များကို ထိခိုက်စေတာကြောင့် မျိုးပွားနိုင်စွမ်းကို 30% ထိ လျော့ကျစေပါတယ်။ ဒါပေမယ့် နေရောင်ကာခရင်မ်သုံးတဲ့ အမျိုးသမီးများမှာတော့ မျိုးပွားခြင်းကို ထိခိုက်မှုမရှိကြောင်း တွေ့့ရှိရတယ်လို့ သုတေသီများကဆိုပါတယ်။

        နေရောင်ကာခရင်မ်များသည် အရေပြားကင်ဆာ ကာကွယ်ရေးအတွက် အလွန်အသုံး၀င်သော်လည်း အမျိုးသားများအနေဖြင့် ကျန်းမာရေးထိခိုက်မှုမရှိစေရန် benzophenone မပါသော နေလောင်ကာခရင်မ်များ ကို ရွေးချယ်သုံးစွဲခြင်းနှင့် နေပူထဲကပြန်လာသောအခါတွင် လိမ်းထားသော နေလောင်ကာခရင်မ်များ ကို ဆေးကြောသင့်တယ်လို့ သုတေသီများက အကြံပြုထားပါသေးတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com