သိပ္ပံနည်းနှင့်ပြုလုပ်ထားသော အဖိုမျိုးပွားဆဲလ်ဖြင့် ကြွက်ကလေးမွေးဖွားနိုင်အောင် တရုတ်သိပ္ပံပညာရှင်များ စွမ်းဆောင်နိုင်ခဲ့
တရုတ်ပြည်မှ သိပ္ပံပညာရှင်တွေက ကြွက်ဖိုရဲ့ သုတ်ကောင်ဆဲလ်ကို ဓာတ်ခွဲခန်းမှာတီထွင်ပြုလုပ်နိုင်ခဲ့ တာကြောင့် ကလေးမရနိုင်တဲ့ အမျိုးသားတွေအတွက် သတင်းကောင်းလို့ဆိုရမှာပါ။ ဤသတင်းကောင်းကို Cell Stem Cell ဂျာနယ်မှာ ဖော်ပြထားခြင်းဖြစ်ပါတယ်။ Stem ဆဲလ်မှတဆင့် သုတ်ကောင်ပြုလုပ်ပြီး မမျိုးဥနှင့်တွေ့၍ သနေ္ဓတည်စေကာ ကျန်းမာသန်စွမ်းတဲ့ ကြွက်ကလေးတစ်ကောင် မွေးဖွားနိုင်ခဲ့ပါတယ်။ ဓာတုပစ္စည်း၊ ကျားအင်္ဂါတစ်သျှူး၊ ဟော်မုန်းတို့ ပေါင်းစပ်ပြီး Spermatid လို့ခေါ်တဲ့ သုတ်ကောင်မဖြစ်လာမီ ကြားအဆင့်ဆဲလ်ကို ထုတ်လုပ်ကာ ဖန်ပေါင်းချောင်နည်းနဲ့ သနေ္ဓတည်စေခဲ့တာဖြစ်ပါတယ်။ Spermatid ဆိုပေမဲ့ လိုအပ်တဲ့ မျိုးရိုးဗီဇ တွေ တိတိကျကျပါ၀င်တာကြောင့် ကျန်းမာတဲ့ ကြွက်ကလေးကို မွေးဖွားနိုင်ခဲ့တာဖြစ်တယ်လို့ Chinese Academy of Sciences မှ ပရော်ဖက်ဆာ Xiao Yang Zhao က ဆိုပါတယ်။
ဒီလို Sperm Cell ရရှိဖို့အတွက် လိုအပ်တဲ့ micosis ဆဲလ်ကွဲခြင်းကို ဓာတ်ခွဲခန်းမှာ အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့တာကြောင့် အကြောင်းအမျိုးမျိုးကြောင့် သုတ်ပိုးမထုတ်လုပ်နိုင်တဲ့ အိမ်ထောင်ရှင်အမျိုးသားအတွက် အထောက်အကူဖြစ်စေပေမယ့် ကျင့်၀တ်ပိုင်း ဆိုင်ရာသင့်လျော်ခြင်းရှိ/မရှိ ဆိုတာကတော့ အငြင်းပွားဖွယ်ရာဖြစ်နေပါသေးတယ်။
Dr. Htet Htet Aung
















