သုက်ရည်ကျဲခြင်းဟာ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေသလား ?
ယေဘုယျအားဖြင့်တော့ သုက်ရည်ဆိုတာ အဖြူရောင်ပျစ်ချွဲချွဲ အရည်တစ်မျိုးဖြစ်ပါတယ်။ သုက်ရည်က ရေလိုပဲ ကျဲနေတာဟာ သုက်ပိုးကောင်ရေနည်းခြင်း၊ နေထိုင်မှုပုံစံနဲ့ အာဟာရချို့တဲ့မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။
Oligocare IA 1

သုက်ပိုးကောင်ရေနည်းစေတဲ့ အကြောင်းရင်းကတော့ သုက်ပိုးထုတ်လုပ်တဲ့စက်ရုံ မကောင်းလို့ပါပဲ။ အကယ်၍ ဝှေးစေ့နဲ့ကပ္ပါယ်အိတ်မှာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိမယ်ဆိုရင် သုက်ပိုးထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။
တစ်ကိုယ်ရည်အာသာဖြေတာ အရမ်းများလွန်းရင်လည်း သုက်ရည်ဟာ ကျဲလာနိုင်ပါတယ်။
Oligocare IA 2

အာဟာရဓာတ်တွေထဲကမှ ဇင့်ဓာတ်ချို့တဲ့ရင် သုက်ရည်နဲ့ သုက်ပိုးရဲ့ အရည်အသွေးကို ကျဆင်းစေနိုင်ပါတယ်။
သုက်ရေကျဲတိုင်းတော့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ များသောအားဖြင့် ဒါဟာ ယာယီပြဿနာတစ်ခုသာဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရင် အဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် သုက်ရည်ကျဲသူတွေအနေနဲ့
● ကျန်းမာတဲ့ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းပါ။
● စိတ်ဖိစီးမှုလျှော့ချပါ။
● အိပ်ရေးဝဝအိပ်ပါ။
● ဆေးလိပ်ဖြတ်ပါ။
● အရက်အလွန်အကျွံမသောက်ပါနဲ့။
● ဇင့်ဓာတ်ကြွယ်ဝတဲ့ ပင်လယ်စာတွေ၊ အစေ့အဆံတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အနီရောင်အသားတွေကို စားသုံးပေးပါ။
ဒါတွေလုပ်ပေးတာတောင်မှ သုက်ရည်ကျဲနေဦးမယ်ဆိုရင်တော့ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
















