/
news/အမျိုးသားများနှင့်ကျန်းမာရေး/အဆုတ်နှင့်-လေပြွန်ကင်ဆာ-ဖြစ်နိုင်ချေများသောအချက်များ

အဆုတ်နှင့် လေပြွန်ကင်ဆာ ဖြစ်နိုင်ချေများသောအချက်များ

Category
အမျိုးသားများနှင့်ကျန်းမာရေး

          အဆုတ်ကင်ဆာနဲ့လေပြွှန်ကင်ဆာရှိသူတွေမှာ သေဆုံးမှုရာခိုင်နှုန်းကိုကြည့်ခြင်းအားဖြင့် အဆုတ်ကင်ဆာဟာ သေဆုံးမှုများတာကိုတွေ့ရပါတယ်။ ဆေးလိပ်မသောက်လျှင် အမျိုးသမီးတွေမှာ 80% ၊ အမျိုးသားတွေမှာ 90%ထိတောင် အဆုတ်ကင်ဆာဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေ မှာ ဆေးလိပ်မသောက်သူတွေထက် အဆုတ်ကင်ဆာဖြစ်ပွားနှုန်း 10 ဆကနေ အဆ 20 ပိုများပါတယ်။ မိသားစုထဲမှာ ကင်ဆာဖြစ်ဖူးတဲ့ရာဇဝင်ရှိခြင်းကလည်း အရေးကြီးပါတယ်။ အောက်ပါအရာများနဲ့ထိတွေ့ခြင်းကြောင့်လည်း ဖြစ်နိုင်ချေများပါတယ်။

1. တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူခြင်း

2. Radon gas ( ရေဒွန်ဓာတ်ငွေ့)

3. အာဆင်းနစ်

4. ကတ္တရာစေး

5. ကျပ်ခိုး

          လေ့ကျင့်ခန်းပုံမှန််လုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးခြင်း၊ အရက်သောက်သုံးခြင်းကို ကန့်သတ်ထားခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်နိုင်မှုကို လျော့နည်းစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)