အမျိုးသားတို့ အချစ်ရေးအချစ်ရာမှာအဆင်ပြေစေဖို့ လျှို့ဝှက်ချက် ၆ ချက်
ကျန်းမာရေးလို့ဆိုတဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာကျန်းမာဖို့အပြင် လိင်မှုဆိုင်ရာမှာ ကျန်းမာဖို့လည်းအရေးကြီးပါတယ်။ အမျိုးသားနဲ့အမျိုးသမီးအတူနေရာမှာ ကျေနပ်မှုရစေဖို့အတွက် အရေးကြီးတဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
1. ကျန်းမာရေးနဲ့ညီညွတ်စွာစားပါ။
ကာမဆက်ဆံရေးမှာအဆင်ပြေတာကလည်း ကျန်းမာရေးကောင်းတာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အာဟာရကအရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားမှသာ လိင်မှုကိစ္စအပါအဝင် တခြားကိစ္စတွေအတွက် ခန္ဓာကိုယ်ကအကောင်းဆုံးစွမ်းဆောင်နိုင်မှာပါ။ ဒါ့အပြင် ဆားနည်းနည်းနဲ့ အဆီနည်းတဲ့အစားအစာတွေက လိင်တံထောင်မတ်ရာမှာ ပြဿနာဖြစ်စေနိုင်တဲ့ သွေးတိုး၊ သွေးတွင်းအဆီဓာတ်များခြင်းစတဲ့ရောဂါတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။
နောက်ပြီး အမောခံနိုင်ပြီး သက်လုံကောင်းစေဖို့၊ တစ်နေ့တာ အလုပ်လုပ်ရာက ကုန်ခမ်းသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် Revicon လို အားဆေးမျိုးကိုလည်း မှီဝဲနိုင်ပါတယ်။
2. ဆေးလိပ်မသောက်ပါနဲ့။
ဆေးလိပ်သောက်တာက လိင်မှုကိစ္စအပါအဝင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဆေးရွက်ကြီးက လိင်အင်္ဂါအပါအဝင် ခန္ဓာကိုယ်အနှံ့မှာရှိတဲ့သွေးကြောတွေကိုကြုံ့စေတဲ့အတွက် သွေးစီးဆင်းမှုနည်းတဲ့အခါမှာ လိင်တံထောင်မတ်ရာမှာပြဿနာဖြစ်စေနိုင်ပါတယ်။
3. ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကိုထိန်းထားပါ။
အဝလွန်တဲ့သူတွေ၊ ဝတဲ့သူတွေက သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ်များခြင်း စတဲ့ ရောဂါတွေဖြစ်တာများပြီးတော့ ဒါက လိင်ပိုင်းဆိုင်ရာအတွက်လည်းမကောင်းပါဘူး။ ကိုယ်အလေးချိန်ကို သင့်တင့်မျှတစွာထိန်းထားနိုင်မှ လိင်တံထောင်မတ်မှုဆိုင်ရာပြသနာတွေနဲ့ တခြားလိင်ပိုင်းဆိုင်ရာပြသနာတွေကို ကာကွယ်နိုင်တဲ့အပြင် စိတ်ကျေနပ်မှုကိုအပြည့်အဝရစေနိုင်မှာပါ။
Revicon 1

4. အရက်ကိုအကန့်အသတ်နဲ့ပဲသောက်ပါ။
အရက်သောက်ပြီးရင် လိင်ပိုင်းဆိုင်ရာအတွက်ပိုကောင်းတယ်လို့ တွေးစရာရှိပေမယ့် တကယ်ကတော့မဟုတ်ပါဘူး။ သုတေသနတွေအရ အရက်အလွန်အကျွံသောက်တဲ့သူတွေက လိင်မှုရေးရာမှာ မကောင်းတဲ့သက်ရောက်မှုတွေရှိတယ်လို့တွေ့ရပါတယ်။ ဉပမာဆိုရင် အမျိုးသားတွေမှာ လိင်တံထောင်မတ်အောင်ထိန်းမထားနိုင်တာ၊ အမျိုးသမီးတွေမှာဆိုရင် လိင်စိတ်နည်းတာ၊ ပန်းတိုင်ကိုမရောက်တာတွေဖြစ်နိုင်ပါတယ်။
5. ကိုယ့်ရဲ့ လက်တွဲဖော်နဲ့လည်း အဆင်ပြေမှုရှိပါစေ။
လိင်မှုရေးရာမှာ အပြည့်အဝသာယာမှုရဖို့က နှစ်ယောက်လုံးမှာ သက်တောင့်သက်သာဖြစ်ဖို့လိုပါတယ်။ ဒီတော့ သင့်တော်တဲ့နေရာကိုရွေးပြီး ကိုယ့်ရဲ့ဆက်ဆံဖက်ကိုလည်း စကားပြောပြီးသူ့ဆန္ဒကိုယ့်ဆန္ဒ ဖလှယ်ပါ။ လေးစားမှုလည်းရှိဖို့လိုပါတယ်။ တစ်ဦးတစ်ယောက်ရဲ့အကြိုက်ကိုပဲလိုက်ပြီးနောက်တစ်ယောက်အတွက် သက်တောင့်သက်သာမဖြစ်တာမျိုးလည်းမလုပ်ပါနဲ့။
6. မိမိကိုယ်ကိုယ်ကာကွယ်ပါ။
ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် ကိုယ်နဲ့အဆင်ပြေမယ့် သန္ဓေတားဆေးသုံးဖို့အရေးကြီးပါတယ်။ ကွန်ဒုံးကတော့ ကိုယ်ဝန်မရအောင်ရော၊ လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေမကူးအောင်ရော နှစ်မျိုးကာကွယ်ပြီးသားရပါတယ်။ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုကာကွယ်ဖို့အတွက် နှစ်ဦးစလုံးသွေးစစ်သင့်ပါတယ်။
Dr. MMMS (www.drmyanmar.com)
Revicon 2

(Zawgyi)
က်န္းမာေရးလို႔ဆိုတဲ့ေနရာမွာ စိတ္ပိုင္းဆိုင္ရာ၊ ကိုယ္ပိုင္းဆိုင္ရာက်န္းမာဖို႔အျပင္ လိင္မႈဆိုင္ရာမွာ က်န္းမာဖို႔လည္းအေရးႀကီးပါတယ္။ အမ်ိဳးသားနဲ႔အမ်ိဳးသမီးအတူေနရာမွာ ေက်နပ္မႈရေစဖို႔အတြက္ အေရးႀကီးတဲ့အခ်က္ေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။
1. က်န္းမာေရးနဲ႔ညီၫြတ္စြာစားပါ။
ကာမဆက္ဆံေရးမွာအဆင္ေျပတာကလည္း က်န္းမာေရးေကာင္းတာရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ။ အာဟာရကအေရးႀကီးပါတယ္။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့အစားအစာေတြစားမွသာ လိင္မႈကိစၥအပါအဝင္ တျခားကိစၥေတြအတြက္ ခႏၶာကိုယ္ကအေကာင္းဆုံးစြမ္းေဆာင္ႏိုင္မွာပါ။ ဒါ့အျပင္ ဆားနည္းနည္းနဲ႔ အဆီနည္းတဲ့အစားအစာေတြက လိင္တံေထာင္မတ္ရာမွာ ျပႆနာျဖစ္ေစႏိုင္တဲ့ ေသြးတိုး၊ ေသြးတြင္းအဆီဓာတ္မ်ားျခင္းစတဲ့ေရာဂါေတြကိုတိုက္ဖ်က္ေပးႏိုင္ပါတယ္။
ေနာက္ၿပီး အေမာခံႏိုင္ၿပီး သက္လံုေကာင္းေစဖို႔၊ တစ္ေန႔တာ အလုပ္လုပ္ရာက ကုန္ခမ္းသြားတဲ့အားအင္ေတြကို ျပန္လည္ျဖည့္တင္းဖို႔အတြက္ Revicon လို အားေဆးမ်ိဳးကိုလည္း မွီ၀ဲႏိုင္ပါတယ္။
2. ေဆးလိပ္မေသာက္ပါနဲ႔။
ေဆးလိပ္ေသာက္တာက လိင္မႈကိစၥအပါအဝင္ ခႏၶာကိုယ္က်န္းမာေရးအတြက္မေကာင္းပါဘူး။ ေဆး႐ြက္ႀကီးက လိင္အဂၤါအပါအဝင္ ခႏၶာကိုယ္အႏွံ႔မွာရွိတဲ့ေသြးေၾကာေတြကိုႀကဳံ႕ေစတဲ့အတြက္ ေသြးစီးဆင္းမႈနည္းတဲ့အခါမွာ လိင္တံေထာင္မတ္ရာမွာျပႆနာျဖစ္ေစႏိုင္ပါတယ္။
3. က်န္းမာေရးနဲ႔ညီၫြတ္တဲ့ကိုယ္အေလးခ်ိန္ကိုထိန္းထားပါ။
အဝလြန္တဲ့သူေတြ၊ ဝတဲ့သူေတြက ေသြးတိုး၊ ဆီးခ်ိဳ၊ ေသြးတြင္းအဆီဓာတ္မ်ားျခင္း စတဲ့ ေရာဂါေတြျဖစ္တာမ်ားၿပီးေတာ့ ဒါက လိင္ပိုင္းဆိုင္ရာအတြက္လည္းမေကာင္းပါဘူး။ ကိုယ္အေလးခ်ိန္ကို သင့္တင့္မွ်တစြာထိန္းထားႏိုင္မွ လိင္တံေထာင္မတ္မႈဆိုင္ရာျပသနာေတြနဲ႔ တျခားလိင္ပိုင္းဆိုင္ရာျပသနာေတြကို ကာကြယ္ႏိုင္တဲ့အျပင္ စိတ္ေက်နပ္မႈကိုအျပည့္အဝရေစႏိုင္မွာပါ။
4. အရက္ကိုအကန႔္အသတ္နဲ႔ပဲေသာက္ပါ။
အရက္ေသာက္ၿပီးရင္ လိင္ပိုင္းဆိုင္ရာအတြက္ပိုေကာင္းတယ္လို႔ ေတြးစရာရွိေပမယ့္ တကယ္ကေတာ့မဟုတ္ပါဘူး။ သုေတသနေတြအရ အရက္အလြန္အကြၽံေသာက္တဲ့သူေတြက လိင္မႈေရးရာမွာ မေကာင္းတဲ့သက္ေရာက္မႈေတြရွိတယ္လို႔ေတြ႔ရပါတယ္။ ဉပမာဆိုရင္ အမ်ိဳးသားေတြမွာ လိင္တံေထာင္မတ္ေအာင္ထိန္းမထားႏိုင္တာ၊ အမ်ိဳးသမီးေတြမွာဆိုရင္ လိင္စိတ္နည္းတာ၊ ပန္းတိုင္ကိုမေရာက္တာေတြျဖစ္ႏိုင္ပါတယ္။
5. ကိုယ့္ရဲ႕ လက္တြဲေဖာ္နဲ႔လည္း အဆင္ေျပမႈရွိပါေစ။
လိင္မႈေရးရာမွာ အျပည့္အဝသာယာမႈရဖို႔က ႏွစ္ေယာက္လုံးမွာ သက္ေတာင့္သက္သာျဖစ္ဖို႔လိုပါတယ္။ ဒီေတာ့ သင့္ေတာ္တဲ့ေနရာကိုေ႐ြးၿပီး ကိုယ့္ရဲ႕ဆက္ဆံဖက္ကိုလည္း စကားေျပာၿပီးသူ႔ဆႏၵကိုယ့္ဆႏၵ ဖလွယ္ပါ။ ေလးစားမႈလည္းရွိဖို႔လိုပါတယ္။ တစ္ဦးတစ္ေယာက္ရဲ႕အႀကိဳက္ကိုပဲလိုက္ၿပီးေနာက္တစ္ေယာက္အတြက္ သက္ေတာင့္သက္သာမျဖစ္တာမ်ိဳးလည္းမလုပ္ပါနဲ႔။
6. မိမိကိုယ္ကိုယ္ကာကြယ္ပါ။
ကိုယ္ဝန္မလိုခ်င္ေသးဘူးဆိုရင္ ကိုယ္နဲ႔အဆင္ေျပမယ့္ သေႏၶတားေဆးသုံးဖို႔အေရးႀကီးပါတယ္။ ကြန္ဒုံးကေတာ့ ကိုယ္ဝန္မရေအာင္ေရာ၊ လိင္ကေနတစ္ဆင့္ကူးစက္တတ္တဲ့ေရာဂါေတြမကူးေအာင္ေရာ ႏွစ္မ်ိဳးကာကြယ္ၿပီးသားရပါတယ္။ လိင္မွတစ္ဆင့္ကူးစက္တတ္တဲ့ေရာဂါေတြကိုကာကြယ္ဖို႔အတြက္ ႏွစ္ဦးစလုံးေသြးစစ္သင့္ပါတယ္။
Dr. MMMS (www.drmyanmar.com)
















