အမျိုးသားတွေမှာ တစ်ကိုယ်ရည် စိတ်ဖြေဖျောက်ခြင်းရဲ့ ဆိုးကျိုးများ
တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ ပုံမှန်အပြုအမူသာဖြစ်ပြီး အိပ်ပျော် စားဝင်စေကာ စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေနိုင်ပြီး ဆီးကျိတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ စိတ်ပျော်ရွှင်စေတဲ့ Endorphin ဆိုတဲ့ ဟော်မုန်းကိုလည်း ထွက်စေနိုင်ပါသေးတယ်။
အမျိုးသားတွေအတွက် တစ်ကိုယ်ရည် အာသာဖြေခြင်းရဲ့ ဆိုးကျိုးများမှာ -
1. စိတ်ဆန္ဒ ပြည့်ဝမှု နည်းစေနိုင်ပါတယ်။
လေ့လာတွေ့ရှိမှုတစ်ခုအရ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ နောက်ပိုင်း သုတ်လွှတ်နိုင်ဖို့ရာ အချိန်ပိုကြာတတ်တယ်လို့ ဆိုပါတယ်။ ချစ်သူအမျိုးသမီးနဲ့ အတူမနေမီ အကြိမ်ကြိမ် အာသာဖြေခြင်းဖြင့် အတူနေတဲ့အခါ စိတ်ဆန္ဒ အထွတ်အထိပ်ကိုရောက်ဖု့ိ ခက်ခဲတတ်ပါတယ်။ ဒါ့အပြင် အခြားလူတစ်ဦးတစ်ယောက်ရဲ့ အထိအတွေ့ကို တုံ့ပြန်မှု နည်းသွားတတ်ပြီး စိတ်ဆန္ဒပြည့်ဝဖို့ ခက်ခဲသွားတတ်ပါတယ်။
2. နောက်ပိုင်းမှာ အင်္ဂါတောင့်တင်းမှု နည်းသွားတတ်ပါတယ်။
အမျိုးသားတွေအတွက် အဆိုးဆုံးဆိုးကျိုးပဲ ဖြစ်ပါတယ်။ သုတ်ထုတ်လွှတ်ပြီးနောက် ယောင်္ကျားအင်္ဂါ ထောင်မတ်ရာမှာ တောင့်တင်းမှု မရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တိကျတဲ့ သက်သေပြမှုတွေတော့ မရှိသေးပါဘူး။ ဆိုးကျိုးနောက်တစ်ချက်ကတော့ အင်္ဂါ ထိခိုက်တာ၊ ရောင်တာတွေ ဖြစ်တတ်ပါတယ်။
3. ရှက်ရွံ့စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။
တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကိုယ့်ကိုယ်ကို ရှက်ရွ့ံစိတ်တွေ၊ အပြစ်လုပ်မိတဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါဟာ ဘာသာရေးနဲ့ မိဘရိုးရာ ဓလေ့စရိုက်များနဲ့ စပ်ဆိုင်နေတတ်ပါတယ်။ စိတ်ကျေနပ် ပျော်ရွှင်မှုနဲ့ ရှောင်ကြဉ်သင့်တယ်လို့ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ အပြုအမူတွေကြား စိတ်ပင်ပန်းရတတ်ပါတယ်။ ဒီလို အပြစ်ရှိ ခံစားချက်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကို ချစ်ခင်မှုတို့အပေါ် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
4. အချိန်ကြာ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကိုယ်ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။
အချိန်ကြာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ခန္ဓာကိုယ်တွင်း လိင်ဟော်မုန်းတွေနဲ့ ဓာတ်ပစ္စည်းတွေ ထွက်တာ များလာပါတယ်။ ဒီလို တုံ့ပြန်မှုတွေဟာ တစ်ယောက်နဲ့တစ်ယောက်တော့ မတူတတ်ပါဘူး။ တချို့မှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အမြင်မကြည်လင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဝှေးစေ့နာကျင်ခြင်း၊ ဆီးစပ်ကိုက်ခြင်းတို့ ဖြစ်တတ်ကြပါတယ်။ ဒီလိုလက္ခဏာတွေ ဖြစ်ပေါ်လာပါက အာသာဖြေတဲ့ အကြိမ်အရေအတွက်ကို လျှော့ပြီး လက္ခဏာများ သက်သာမှု ရှိ၊ မရှိ စောင့်ကြည့်ပါ။ မသက်သာပါက ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။
5. အာသာ မဖြေရ မနေနိုင် ဖြစ်လာတတ်ပါတယ်။
ဒီလို ဖြစ်လာခြင်းဟာ ဘဝကိုပါ အကျိုးသက်ရောက်မှု ရှိလာတတ်ပါတယ်။ တစ်နေ့မှာ 6 ကြိမ်ခန့် အာသာဖြေတတ်သူနှစ်ဦးမှာ တစ်ဦးဟာ ကိုယ့်ကိုယ်ကို ကျေနပ်မှုရှိနေပြီး အခြားတစ်ယောက်မှာတော့ စိတ်တိုင်းမကျ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆန္ဒကိုယ် ဖြေလျှော့ခြင်းနဲ့ ကိုယ့်ရဲ့ တစ်နေ့တာ တာဝန်ဝတ္တရားများကို ဟန်ချက်ညီအောင် မထိန်းနိုင်ပါက ဆက်ဆံရေး၊ အလုပ်အကိုင်၊ စီးပွားရေးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုများအပေါ် ဆိုးရွားစွာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။
6. အခြားဆိုးကျိုးများ
မကြာခဏ စိတ်ဆန္ဒ ဖြေလျှော့ခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲများ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများကတော့ -
● စွဲလမ်းခြင်း - မကြာခဏ အာသာဖြေတတ်သူမှာ စွဲလမ်းလာတတ်ပါတယ်။ တခြားဆေးစွဲသူတွေလိုပဲ ဆိုးကျိုးများတဲ့ စွဲလမ်းမှုတစ်မျိုးလည်း ဖြစ်ပါတယ်။
● အင်္ဂါထောင်မတ်ရာမှာ အခက်အခဲ ဖြစ်လာခြင်း - ခဏခဏ စိတ်ဖြေတတ်သူမှာ ဒီလို အခက်အခဲ ကြုံတွေ့လာရတတ်ပါတယ်။
● အာရုံကြောဆိုင်ရာ ပြဿနာများ - လေ့လာစမ်းသပ်မှုများမှာ စိတ်ဖြေခြင်းနဲ့ အာရုံကြောဆိုင်ရာ ရောဂါများဟာ ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။
● အချိန်မတိုင် သုတ်လွှတ်ခြင်း - မကြာခဏ အာသာဖြေသူတွေမှာ သုတ်လွှတ်ခြင်းကို ထိန်းသိမ်းဖို့ ခက်ခဲလာတတ်ကြောင်း တွေ့ရှိရပါတယ်။ လိင်အင်္ဂါမှာရှိတဲ့ အာရုံကြောကို မကြာခဏ နိုးဆွမိတာကြောင့် ဖြစ်နိုင်ပါတယ်။
● နာကျင်ခြင်း - ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မိပါက နာတာ၊ ကျင်တာ ဖြစ်တတ်ပါတယ်။
● အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာနိုင်ခြင်း - ရှားပါးပေမယ့် ဖြစ်နိုင်တဲ့ အခြင်းအရာတစ်ခုကတော့ ပစ္စည်းတစ်ခုခုကို စအိုပေါက်ထဲ ထည့်ရာမှ အူမကြီး အစာဟောင်းအိမ်ထဲထိ ဝင်သွားနိုင်ကာ အရေးပေါ် ပြန်ထုတ်ရတာမျိုး ရှိနိုင်ပါတယ်။
Dr. Emerald (www.drmyanmar.com)
















