/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားတွေရော-သွေးဆုံးနိုင်သလား

အမျိုးသားတွေရော သွေးဆုံးနိုင်သလား

Category
အမျိုးသားများနှင့်ကျန်းမာရေး

ဓမ္မတာမလာတဲ့ အမျိုးသားတွေဟာ သွေးဆုံးစရာလားလို့ စဥ်းစားစရာပါပဲ။ ဒါပေမဲ့ အမျိုးသမီးတွေမှာ အသက်ကြီးလာတဲ့အခါ အီစထရိုဂျင်လျော့နည်းလာသလိုပဲ အမျိုးသားတွေဟာလည်း ကျားဟော်မုန်း (testosterone) လျော့နည်းလာပါတယ်။

Oligocare IA 1

အမျိုးသားတွေဟာ အသက် ၃၀ ကျော်လာရင် ဆယ်စုနှစ်တစ်ခုကြာပြီးတိုင်းမှာ ကျားဟော်မုန်းပမာဏဟာ ၁၀% နှုန်းနဲ့ ကျဆင်းလာပါတယ်။ ဒါဟာ အိုမင်းခြင်းဖြစ်စဥ်ကြောင့်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် အသက် ၅၀ အရွယ်အမျိုးသားတွေရဲ့ ၃၀% လောက် ခံစားရလေ့ရှိပါတယ်။

 

အမျိုးသားတွေမှာ ခံစားရတဲ့ ဝေဒနာတွေကတော့ -

●  လိင်စိတ်ဆန္ဒနည်းပါးလာခြင်း

●  လိင်တံထောင်မတ်ဖို့ခက်ခဲခြင်း

●  အားအင်မရှိခြင်း

●  စိတ်ဓာတ်ကျခြင်း

●  ဒေါသထွက်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း

●  ကြွက်သားအားနည်းခြင်း

●  ကိုယ်ခန္ဓာမှာ အဆီများလာခြင်း

●  အပူဒဏ်မခံနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Oligocare IA 2

သေချာကုသမှုမခံယူဘူးဆိုရင် ကျားဟော်မုန်းနည်းတာဟာ နှလုံးနဲ့သွေးကြောကျန်းမာရေးကို ထိခိုက်စေပြီး၊ အရိုးပါးအရိုးပွရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

ဒါကြောင့် အမျိုးသားတွေအနေနဲ့ အသက် ၃၀ ကျော်လာတဲ့အခါ လေ့ကျင့်ခန်းများများလုပ်တာ၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာ၊ အာဟာရစုံလင်စွာ စားသောက်တာမျိုး လုပ်ပေးသင့်သလို မျိုးပွားအင်္ဂါကျန်းမာရေးကို ကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို မှီဝဲပေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)