အဝလွန်ခြင်းက ပန်းညှိုးစေနိုင်လား
Deepak ဆိုတဲ့ ကုမ္ပဏီတစ်ခုက မန်နေဂျာတစ်ယောက်ဟာ သု့အလုပ်နဲ့သူ နေရာကျနေပြီဖြစ်တဲ့ သူတစ်ယောက်ပါပဲ။
သူဟာ ဆေးခန်းကို ပန်းညှိုးလို့ဆိုပြီး ရောက်လာတယ်။ ပထမဆုံးကြည့်လိုက်ကတည်းက သတိထားလိုက်မိတာက အဝလွန်နေတာပါပဲ။ အလုပ်အကြောင်း မေးတဲ့အခါ အောက်ခြေအဆင့်ကနေ စလာတာ အခုဆို မန်နေဂျာအဆင့် ရောက်လာပြီလို့ ဆိုပါတယ်။
တာဝန်ခံရတာတွေ များလာလေလေ အလုပ်ချိန်တွေ ပိုများလာပြီး ကော်ဖီတွေ၊ သရေစာတွေ ပိုအစားများလာတာပါပဲတဲ့။ အရက်နဲ့ ဆေးလိပ်ရော သောက်လားလို့ မေးမိတော့ ဆေးလိပ် တစ်နေ့တစ်လိပ်သောက်ပြီး အရက်ကို ရံဖန်ရံခါ၊ တစ်ပတ်တစ်ခါလောက်တော့ သောက်ပါတယ်တဲ့။
ကိုယ်အလေးချိန်တိုင်းကြည့်လိုက်တော့ ၈၇ ကီလိုဂရမ် (၁၇၄ပေါင််) လောက်တောင် ရှိတယ်။
ကိုယ်အလေးချိန်ချဖို့ အချိန်မရှိဘူးလို့ ဆိုပါတယ်။ ပြီးတော့ ပန်းညှိုးလို့လာတာ၊ အဝလွန်တာကို ဘာလို့မေးတာလဲလို့ ပြန်မေးတယ်။
သက်ဆိုင်နေလို့မေးရတာပါ။
အဝလွန်နေသူတွေဟာ သာမန်ကိုယ်အလေးချိန်တွေထက်စာရင် ပနး်ညှိုးဖို့ ၂ ဆခွဲလောက် ပိုများတယ်လို့ ဆိုပါတယ်။
အစပိုင်းမှာ အဝလွန်ခြင်းကြောင့် သွေးကြောနံရံတွေမှာ ကိုလက်စထရောတွေ စုလာပုံတယ်။ ဒိသွေးကြောတွေထဲမှာ အမျိုးသားအင်္ဂါကို သွားတဲ့သွေးကြောလည်း ပါတယ်။ တဖြည်းဖြည်း သွေးကြောကျဉ်းလာတော့ ပန်းညှိုးလာတော့တာပါပဲ။ ပြီးတော့ အဝလွန်တာကြောင့် တက်စတိုစတီရုန်းလု့ိခေါ်တဲ့ အမျိုးသားဟော်မုန်း အထွက်နည်းသွားတယ်။ ဒီဟော်မုန်း နည်းသွားခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဒီတော့မှ Deepak လည်း ဒီလို ပန်းညှိုးနေတာ လပိုင်းလောက်တော့ရှိပြီလို့ ဆိုရှာတယ်။
ကုသလို့ ရပါတယ်။ မစိုးရိမ်ပါနဲ့ဆိုတော့မှ သူခမျာ သက်ပြင်းချနိုင်တော့တယ်လေ။
ကုသရာမှာ သွေးတွင်းကိုလက်စထရောကို အဓိက လျှော့ချရတယ်။ ဒါမှ သွေးအသွား ပုံမှန်ဖြစ်သွားပြီး ပန်း ပြန်လန်းလာမှာပါ။
၂ လလောက်ကြာတဲ့အခါ Deepak တစ်ယောက် ပုံမှန်ပြန်ဖြစ်သွားတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်ချပြီး သရေစာတွေစားတာ လျှော့ဖို့လည်း အရေးကြီးတယ်နော်။
Dr. Emerald (www.drmyanmar.com)
















