အသက် (၄၀) ကျော်တာတောင် ကျန်းမာရေးနဲ့မညီညွတ်တာတွေကို စားနေကြတုန်းလား ?
အမျိုးသမီးတွေ ဟင်းသီးဟင်းရွက်သုပ် စားနေချိန်မှာ အမျိုးသားထုကြီးက ဟမ်ဘာဂါတို့၊ ပီဇာတို့ကို စားနေကြတုန်းလား။ ဒါဆိုရင်တော့ အမျိုးသမီးတွေနဲ့တန်းတူ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေဖို့ဆိုတာ ခက်ခဲသွားမယ်နော်။ ဒါကြောင့် ငယ်တုန်းရွယ်တုန်းမှာ ဘယ်လိုပဲစားခဲ့စားခဲ့၊ အသက် (၄၀) ကျော်ပြီဆိုရင်တော့ ကိုယ်ရဲ့စားသောက်မှုပုံစံကို ပြောင်းလဲသင့်ပါပြီ။ ဘယ်လိုပြောင်းလဲမလဲဆိုတာကို တစ်ချက်လောက် ကြည့်လိုက်ရအောင်နော်။
၁။အမျှင်ဓာတ်ပိုမိုစားသုံးပါ။
အမျှင်ဓာတ်ဟာ ကိုလက်စထရောကို ကျစေပြီး ကိုယ်အလေးချိန်ထိန်းရာမှာ အထောက်အကူပြုပါတယ်။ အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါသေးတယ်။ အမျိုးသားတွေဟာ တစ်နေ့ကို အမျှင်ဓာတ် 30 g လောက် လိုအပ်ပါတယ်။ အမျှင်ဓာတ်ရဖို့ဆိုရင် ဆန်၊ ဂျုံ၊ ပြောင်းတို့လို နှံစားသီးနှံတွေ၊ ပဲအမျိုးမျိုး၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးသင့်ပါတယ်။
Oligocare IA 1
၂။ဆီးကျိတ်ကျန်းမာရေးအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုစားသုံးပေးပါ။
Vitamin C၊ Lutein နဲ့ Beta-carotene တို့ဟာ ဆီးကျိတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဓာတ်အချို့ပဲ ဖြစ်ပါတယ်။ ဒီအာဟာရဓာတ်တွေ ရရှိဖို့ဆိုရင် မုန်လာဥနီ၊ ချယ်ရီသီး၊ ဟင်းနုနွယ်၊ သခွားမွှေးသီး၊ ကန်စွန်းဥနဲ့ ကြက်ဥအနှစ်တို့ကို စားပေးသင့်ပါတယ်။
၃။အရိုးကျန်းမာရေးအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုစားသုံးပေးပါ။
အသက်ကြီးလာတာနဲ့အမျှ အရိုးပါးအရိုးပွရောဂါဖြစ်နိုင်ခြေ မြင့်တက်လာလို့ အသက် (၄၀) ကစပြီး အရိုးကျန်းမာရေးအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ငါးသေတ္တာငါး၊ ဟင်းနုနွယ်နဲ့ ဗာဒံစေ့တို့ကို မှီဝဲပေးသင့်ပါတယ်။
Oligocare IA 2
၄။အငန်စားသုံးမှုကိုလျှော့ချပါ။
သက်လတ်ပိုင်းအရွယ်ရောက်ရင် သွေးပေါင်ချိန်လည်း တက်လာနိုင်ပြီမို့ ဒီအချိန်မှာ အငန်ဓာတ်ကို လျှော့စားသင့်ပါတယ်နော်။
၅။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့်အာဟာရဓာတ်တွေကိုမှီဝဲပေးပါ။
အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်ညကို ၇-၉ နာရီလောက် အိပ်စက်သင့်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ အိပ်စက်မှုကို အားပေးတာကြောင့် မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းရွက်တွေ၊ ဆန်လုံးညိုနဲ့ အခွံမာသီးတွေကို စားသုံးပေးသင့်ပါတယ်။
အသက်အရွယ်ရလာတာနဲ့အမျှ လိုအပ်တဲ့အာဟာရဓာတ်တွေကို အစားအသောက်ကနေတစ်ဆင့် ရရှိနိုင်သလို ဖြည့်စွက်အားဆေးတွေ မှီဝဲပေးလို့လည်း ရနိုင်ပါသေးတယ်။ ဒါကြောင့် ဒီအချက်တွေကို နေ့စဥ်ပုံမှန်လေး လုပ်ဆောင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။