/
news/အမျိုးသားများ-နှင့်-ကျန်းမာရေး/အသားမစားခြင်းကြောင့်-အမျိုးသားတို့၏သုတ်ကောင်ပမာဏ-လျော့ကျနိုင်

အသားမစားခြင်းကြောင့် အမျိုးသားတို့၏သုတ်ကောင်ပမာဏ လျော့ကျနိုင်

Category
အမျိုးသားများနှင့်ကျန်းမာရေး

        ကယ်လီဖိုးနီးယားမြို့ရှိLoma Linda University Medical School မှ လေ့လာမှုအရ အသားမစားသော အမျိုးသားများတွင် သုတ်ကောင်အရေအတွက် နည်းပါးနေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ သုတေသီများက အသားစားသူအမျိုးသား 443 ယောက်နှင့် သတ်သက်လွတ်စားသူ 31 ယောက်တို့ပါ၀င်သော လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရာ အသားစားသောသူများ၏သုတ်ရည် တစ်လီတာတွင် သုတ်ကောင်ရည် 70 မီလီယံပါ၀င်နေတာကို တွေ့ရပြီး အသားမစားသောသူများ၏သုတ်ရည် တစ်လီတာတွင် သုတ်ကောင်ရည် 50 မီလီယံသာပါ၀င်တာကိုတွေ့ရပါတယ်။ ဒါတင်မကဘဲ အသားစားသောအမျိုးသားများ၏ သုတ်ကောင်များမှ 60% သည် မျိုးအောင်နိုင်စွမ်းရှိပြီး အသားမစားသူများတွင် စုစုပေါင်းသုတ်ကောင်များ၏ 30% သာ မျိုးအောင်နိုင်စွမ်းရှိကြောင်းသိရပါတယ်။ အကြောင်းအရင်းကို တိတိကျကျမသိရသော်လည်း သက်သက်လွတ်စားသောသူများတွင် ဗီတာမင် B 12 ချို့တဲ့ခြင်းကြောင့်လည်းကောင်း၊ ဟင်းသီးဟင်းရွက်များတွင် ကပ်ညှိနေသော ပိုးသတ်ဆေးများကြောင့်လည်းကောင်း သုတ်ကောင်ရေပမာဏ လျော့နည်းရခြင်းဖြစ်နိုင်တယ်လို့သုတေသီများက ယူဆလျက်ရှိပါတယ်။

          ဒါပေမယ့် သက်သက်လွတ်စားတဲ့ အမျိုးသားတွေဟာ အသားစားတဲ့ အမျိုးသားတွေထက် အသက်ပိုရှည်ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါ ဖြစ်ပွားနှုန်းလျော့နည်းခြင်းစတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကိုတော့ ခံစားရပါတယ်။

Dr. Htet Htet Aung

www.drmyanmar.com