ခြေကျင်း၀တ်ရိုးကျိုးခြင်းအတွက် ရှေးဦးကုသမှု
အရေးပေါ်အခြေအနေ
- သွေးအဆက်မပြတ်ထွက်နေလျှင်
- ခြေကျင်း၀တ်တ၀ိုက်ထုံပြီး ပြာနှမ်းနေလျှင်
- ခြေဖဝါးမလှုပ်ရှားနိုင်လျှင်
- သတိလစ်မေ့မျောနေလျှင် အရေးပေါ်အခြေအနေဖြစ်နေပြီဆိုတာသိထားရပါမယ်။
၁။ ငေါထွက်နေတဲ့အရိုးကိုထိခိုက်ဒဏ်ရာမရအောင်ကာကွယ်ပါ။
အရိုးကျိုးပြီးအရေပြားမှ ဖောက်ထွက်လာရင် အတင်းမဖိဘဲသန့်ရှင်းတဲ့ပတ်တီးနဲ့ စည်းပေးပြီး ချက်ချင်း ဆေးရုံသို့ပို့ဆောင်ပေးရပါမယ်။
၂။ သွေးတိတ်ရန်ဆောင်ရွက်ပါ။
ကျိုးနေတဲ့အရိုးကအရေပြားမှတဆင့် ဖောက်ထွက်လာခြင်းမရှိပါက ခြေကျင်း၀တ်ပေါ်သို့ အ၀တ်စနဲ့ ၁၅ မိနစ် လောက်စည်းပေးထားပြီးခြေထောက်ကိုအပေါ်သို့ မြှင့်ပေးထားပါ။ ဒဏ်ရာမှ သွေးစိမ့်ထွက်နေသေး ရင် နောက်ထပ်အ၀တ်စတစ်ခုနဲ့ထပ်မံစည်းပေးပြီးဆေးကုသမှုချက်ချင်းခံယူရပါမယ်။
၃။ ရောင်ရမ်းခြင်းကိုကုသပါ။
ခြေကျင်း၀တ်နှင့်ခြေချောင်းများတွင် လက်၀တ်ရတနာများ၀တ်ဆင်ထားပါက ဖယ်ရှားပါ။ ေ၀းလံခေါင် ဖျားသောဒေသများသို့ရောက်ရှိနေ၍ဆေးကုသမှုခံယူရန်အခက်အခဲရှိပါကအောက်ပါအတိုင်းလုပ်ဆောင်ပါ။
(1) ဒဏ်ရာပျောက်ကင်းသည်အထိအနားယူပါ။ လိုအပ်ပါက ချိုင်းထောက်ကိုအသုံးပြုပါ။
(2) ရေခဲကိုသန့်ရှင်းသောအ၀တ်နှင့်ပတ်ပြီးကပ်ပေးပါ။
(3) ခြေကျင်း၀တ်ကို ပတ်တီး(သို့) elastic ပတ်တီးဖြင့်ညင်သာစွာစည်းပါ။ ကျိုးသွားတဲ့ ခြေကျင်း၀တ်အရိုးကို ဆန့်တန်းခြင်းမပြုလုပ်ရ။
(4) လူနာကိုပက်လက်အနေအထားဖြင့်ထားတိုင်း ခြေကျင်း၀တ်ကိုအပေါ်သို့ မြှင့်တင်ပေးထားပါ။
၄။ နာကျင်မှု၊ ရောင်ရမ်းမှုသက်သာအောင် ပြုလုပ်ပါ။
နာကျင်တာတွေသက်သာဖို့ ibuprofen, aspirin စတဲ့ဆေးဝါးတို့ကို အသုံးပြုနိုင်ပါတယ်။ ကျောက်ကပ်နဲ့ နှလုံး အားနည်းသူတွေကတော့ ibuprofen နဲ့ အခြား NSAIDS (အကိုက်အခဲပျောက်ဆေး) ဆေးတွေကို ရှောင်ကျဉ်ရပါမယ်။ အသက် ၁၈ နှစ်အောက်အရွယ်ဆိုရင် aspirin ဆေးကိုမသောက်ရပါဘူး။
၅။ ဆရာ၀န်နဲ့အမြန်ဆုံးကုသမှုခံယူပါ။
၆။ လိုက်နာဆောင်ရွက်ရန်
ဆရာ၀န်ကစစ်ဆေးပြီး ခြေကျင်း၀တ်၊ ခြေမျက်စိအောက်ပိုင်းနဲ့ ခြေထောက်ကို ဓာတ်မှန်ရိုက်ရပါမယ်။ ခွဲစိတ်ကုသမှုခံယူမှုလိုမလိုကို CT (သို့) MRI ရိုက်ပါမယ်။ ခွဲစိတ်ဖို့မလိုပါက အရိုးကို မူလအကောင်းအတိုင်း အထိုင်ပြန်ချပြီးခြေကျင်း ၀တ်လှုပ်ရှားမှုမရှိအောင် ကျပ်စည်းနဲ့စည်းပေးမှာဖြစ်ပါတယ်။
















