ချေွးထွက်လွန်ခြင်းအတွက် ရှေးဦးကုသမှု
၁။ အောက်ပါလက္ခဏာများတွေ့ရှိပါကဆေးရုံဆေးခန်းသို့အမြန်ဆုံးသွားပါ။
- သွေးပေါင်ချိန်အလွန်မြင့်ခြင်း (သို့) အလွန်နိမ့်ခြင်း
- သွေးခုန်နှုန်းမြန်ပြီး မျှင်းမျှင်းလေးသာခုန်ခြင်း၊
- အသက်ရှူနှုန်းမျှင်းပြီး မြန်မြန်ရှူနေခြင်း၊
- သတိလစ်ခြင်း၊ ကောင်းစွာမမှတ်မိခြင်း (သို့) ကိုယ်ပူကြီးခြင်း၊
- ခန္ဓာကိုယ်နွေးခြင်း၊ အသားအရေခြောက်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ကျခြင်းနဲ့ အသက်ရှူ မြန်ခြင်း၊
၂။ ခန္ဓာကိုယ်အပူချိန်ကျအောင်ပြုလုပ်ပါ။
- လူနာကိုအေးမြတဲ့နေရာသို့ပြောင်းရွှေ့ပေးပါ။
- အကယ်၍ လေအေးပေးစက်မရနိုင်ပါကယပ်ခတ်ပေးပါ။
- လူနာကိုရေချိုးပေးခြင်း၊ ရေခဲကပ်ပေးခြင်း (သို့)ရေပတ်တိုက်ပေးခြင်းတို့ပြုလုပ်ပေးရပါမယ်။
၃။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါ။
အရက်၊ ကဖင်းဓာတ်မပါ၀င်တဲ့ ဖျော်ရည် (သို့) ဓာတ်ဆား (ORS) အားလူနာပုံမှန် ဖြစ်လာတဲ့အထိ တိုက်ရပါမယ်။
၄။ ပြည့်ပြည့်၀၀အနားယူပါ။
- လူနာကိုလှုပ်ရှားမှုမပြုစေဘဲလုံလုံလောက်လောက်အနားယူခိုင်းပါ။
- ခေါင်းအနည်းငယ်ကိုက်ပါကပါရာစီတမောတိုက်နိုင်ပါတယ်။
၅။ ဆေးရုံဆေးခန်းသို့သွားပါ။
ချေွးထွက်ခြင်းကို ထိရောက်စွာကုသမှုမရှိပါက အပူရှပ်ခြင်းအဆင့်ထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာပိုဆိုးလာခြင်း (သို့) တစ်နာရီထက် ပိုကြာနေခြင်း၊ လူနာပျို့အန်နေခြင်းတို့ ဖြစ်ပွားပါက ဆရာ၀န်နဲ့ပြသသင့်ပါတယ်။






























