/
news/အရေးပေါ်ကုသနည်းများ/အပူရှပ်ခြင်းအတွက်-ရှေးဦးကုသမှု-heatstroke

အပူရှပ်ခြင်းအတွက် ရှေးဦးကုသမှု (Heatstroke)

Category
အရေးပေါ်ကုသနည်းများ

၁။     အောက်ပါအခြေအနေများဖြစ်ပေါ်လာပါက လူနာကို ဆေးရုံသို့အမြန်ခေါ်ဆောင်သွားပါ။

-      ကိုယ်အပူချိန် 103ºF အထက်ရှိခြင်း

-      သွေးခုန်နှုန်းမြန်ခြင်း

-      ချေွးထွက်နည်းခြင်း

-      သတိလစ်ခြင်း

-      တက်ခြင်း

-      အရေပြားပူနွေးနီရဲပြီး ခြောက်သွေ့ခြင်း

 

၂။     ကိုယ်အပူချိန်ကို လျော့ချနိုင်ရန်အမြန်ဆုံးကြိုးစားပါ။

-      လူနာကို နေပူထဲမှအရိပ်ရသောနေရာ (သို့) လေအေးပေးစက်ရှိသောနေရာသို့ ခေါ်ဆောင်သွားပါ။

-      ရေအေးဖြင့်ဖြန်းပေးခြင်း၊ ရေပတ်တိုက်ပေးခြင်း၊ ယပ်ခပ်ပေးခြင်း စတာတွေကို လုပ်ဆောင်ပေးပါ။

-      ရေများများတိုက်ပေးပါ။

-      လူနာသည် အော့အန်နေပါက (သို့) သတိလစ်နေပါက မည်သည့်အရာမျှတိုက်ကျေွးခြင်းမပြုပါနှင့်။

၃။     လူနာခံစားနေရသောရောဂါလက္ခဏာများကို သက်သာအောင်ပြုလုပ်ပေးပါ။

-      ပက်လက်အနေအထားဖြင့်ထားပါက ခြေထောက်ကို ၄၅ ဒီဂရီ မြှောက်ထားပေးပါ။

-      တက်နေပါက လူနာအားထိခိုက်ဒဏ်ရာမရအောင်ဂရုစိုက်ပါ။

-      ပက်လက်အနေအထားဖြင့်ထားစဉ် လူနာအန်ပါက အသက်ရှူ လမ်းကြောင်းကို အန်ဖတ်များ မစို့စေရန် ဘေးတစောင်းထားထားပေးပါ။

၄။     လိုအပ်သောကုသမှုများကိုခံယူပါ။

          ဆေးရုံသို့ရောက်ပါက ဆရာ၀န်များက ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း၊ ကိုယ်အပူချိန်လျော့ ကျအောင် ပြုလုပ်ပေးခြင်းစသည့် လိုအပ်သောကုသမှုများဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ