/
news/အရေးပေါ်ကုသနည်းများ/stye-မျက်စိစွံခြင်း-အတွက်-ရှေးဦးကုသမှု

Stye (မျက်စိစွံခြင်း) အတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

၁။    ရောဂါလက္ခဏာများကိုသက်သာအောင်ပြုလုပ်ပါ။

        မျက်လုံးပေါ်သို့ ရေကြက်သီးနွေးဖြင့်စိမ်ထားသော အ၀တ်စသန့်သန့်ဖြင့်ကပ်ပေးပါ။ တစ်ခါကပ်လျှင် ၅ မိနစ်မှ ၁၀ မိနစ်ထိကပ်နိုင်ပြီးတစ်နေ့အတွင်း ကြိမ်ဖန်များစွာပြုလုပ်နိုင်ပါတယ်။

၂။    ရောဂါပိုးမ၀င်အောင် ဂရုစိုက်ပါ။

        မျက်လုံးကိုသန့်ရှင်းအောင်ထားပါ။ မသန့်ရှင်းသောလက်ဖြင့် ကိုင်တွယ်ခြင်း၊ ပွတ်သပ်ခြင်းမပြုလုပ်ပါနှင့်၊ မျက်ကပ်မှန်တပ်ခြင်း၊ မျက်ခံွနှင့် မျက်ခမ်းကိုမိတ်ကပ်လိမ်းခြင်း၊ Eye Shadow ဆိုးခြင်း၊ Eye liner ဆွဲခြင်းတို့ကို ရှောင်ကြဉ်ပါ။

        မျက်ခွံပေါ်ရှိ ပြည်တည်နာအားဖောက်မပစ်ပါနှင့်။

၃။    လိုက်နာဆောင်ရွက်ရန်

        များသောအားဖြင့် မျက်စိစွံခြင်းသည် တစ်ပတ်အတွင်း သူ့ဘာသာသူအလိုလိုပျောက်သွားလေ့ရှိပါတယ်။ အကယ်၍အောက်ပါလက္ခဏာများတွေ့ကြုံရပါက ဆရာ၀န်နှင့် ပြသပြီးကုသမှုခံယူသင့်ပါတယ်။

-        ၁၀ ရက်အတွင်းအနာမကျက်ခြင်း၊

-        ပိုမိုနာကျင်လာခြင်း၊

-        ပိုမိုရောင်ရမ်းလာခြင်း၊

-        အဖျား၀င်ခြင်း၊

-        အမြင်အာရုံထိခိုက်ခြင်း၊

-        မကြာခဏပြန်ဖြစ်ခြင်း၊

-        ခုခံအားကျဆင်းသောသူများ( ဆီးချို၊ ကင်ဆာ၊ AIDS နှင့် ကိုယ်တွင်းအင်္ဂါလဲထားသူများ)

www.drmyanmar.com

အရေးပေါ်ကုသနည်းများ