ဆေးဝါးကြောင့်ဖြစ်သော ဓာတ်မတည့်ခြင်းအတွက် ရှေးဦးကုသမှု
၁။ အရေးပေါ်အခြေအနေများကိုဂရုပြုပါ။
အောက်ဖော်ပြပါအခြေအနေများသည် အရေးပေါ်ကုသမှုခံယူရန်လိုအပ်သည့် အနေအထားများဖြစ်ပါ သည်။
- အသက်ရှူ ခက်ခဲခြင်း
- အသက်ရှူ လမ်းကြောင်းတွင် တစ်စို့စို့ခံစားရခြင်း
- ရုတ်တရက်အသံအောလာခြင်း
- နှုတ်ခမ်းနှင့်လျှာထူလာခြင်း၊ ယောင်လာခြင်း
- ဗိုက်အောင့်ခြင်း
- ပျို့အန်ခြင်း
- နှလုံးခုန်မြန်ခြင်း
- စိုးရိမ်ကြောင့်ကြခြင်း
- သတိလစ်ခြင်း
- အရေပြားတစ်ခုလုံးနာကျင်နီမြန်းပြီးအရည်ကြည်ဖုများထွက်လာခြင်း
- အပေါ်ယံအရေပြားအချပ်လိုက်ကွာကျခြင်း
- ဖျားခြင်း
- ယခင်ကလည်း ပြင်းထန်သောဓာတ်မတည့်မှုမျိုးခံစားဖူးခြင်း
၂။ ဂရုတစိုက်ကုသမှုခံယူပါ။
အပျော့စားဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံခြင်းအတွက် Burmeton ပါ၀င်တဲ့ ဆေးဝါးတွေကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့်ကလေးငယ်များတွင် အသုံးပြုမည်ဆိုပါက ဆရာ၀န်ညွှန်ကြားချက်လိုအပ်ပါလိမ့်မယ်။ ရေဖက်တိုက်ပေးခြင်း၊ ရေအေးနဲ့ရေချိုးပေးခြင်းဟာလည်းယားယံခြင်း ကိုသက်သာစေနိုင်ပါတယ်။ အက်စစ်ဓာတ်ပါ၀င်မှုများတဲ့ ဆပ်ပြာတွေနဲ့ ဓာတုပစ္စည်းပါ၀င်တဲ့ အလှကုန်တွေ ကိုရှောင်ကြဉ်ရပါမယ်။ပေါ့ပါးချောင်ချိတဲ့ အ၀တ် အစားတွေကို၀တ်ဆင်ပြီးအရိပ်ရတဲ့နေရာ (သို့)အအေးဓာတ် ရှိတဲ့အခန်းတွင်းမှာ သက်တောင့်သက်သာနေပါ။ အဖုအပိန့်တွေအတွက် Calamine lotion ကို ဆရာ၀န် ညွှန်ကြားချက်အတိုင်းလိမ်းပေးနိုင်ပါတယ်။
၃။ ထပ်မံမဖြစ်ပွားစေရန် လိုက်နာပါ။
နောက်တစ်ကြိမ် ဓာတ်မတည့်မှုမဖြစ်စေရန်အတွက် မိမိဘယ်ဆေးကြောင့် ယခုကဲ့သို့ဖြစ်သလဲဆို တာ သေချာစွာစမ်းသပ်စစ်ဆေးခံပြီးမှတ်သားထားပါ။ မိမိသာမကတစ်အိမ်သားလုံးကိုပါ မှတ်ထားခိုင်းပါ။
















