/
အရေးပေါ်ကုသနည်းများ/ဆေးနှင့်ဓာတ်မတည့်ခြင်း

ဆေးနှင့်ဓာတ်မတည့်ခြင်း

ဆေးဝါးကြောင့်ဖြစ်သော ဓာတ်မတည့်ခြင်းအတွက် ရှေးဦးကုသမှု

၁။      အရေးပေါ်အခြေအနေများကိုဂရုပြုပါ။

          အောက်ဖော်ပြပါအခြေအနေများသည် အရေးပေါ်ကုသမှုခံယူရန်လိုအပ်သည့် အနေအထားများဖြစ်ပါ သည်။

-      အသက်ရှူ ခက်ခဲခြင်း

-      အသက်ရှူ လမ်းကြောင်းတွင် တစ်စို့စို့ခံစားရခြင်း

-      ရုတ်တရက်အသံအောလာခြင်း

-      နှုတ်ခမ်းနှင့်လျှာထူလာခြင်း၊ ယောင်လာခြင်း

-      ဗိုက်အောင့်ခြင်း

-      ပျို့အန်ခြင်း

-      နှလုံးခုန်မြန်ခြင်း

-      စိုးရိမ်ကြောင့်ကြခြင်း

-      သတိလစ်ခြင်း