/
news/အရေးပေါ်ကုသနည်းများ/ဓာတုပစ္စည်းကြောင့်ဖြစ်သော-လောင်ကျွမ်းမှုအတွက်ရှေးဦးကုသမှု

ဓာတုပစ္စည်းကြောင့်ဖြစ်သော လောင်ကျွမ်းမှုအတွက်ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

၁။     လောင်ကျွမ်းခံရတဲ့နေရာကို ရေအေးနဲ့ဆေးပေးပါ။

-       မိနစ် ၂၀ လောက်ရေအေးနဲ့ဆေးပေးပါ။ ဒဏ်ရာကို ဆေးကြောထားတဲ့ရေများကို ခန္ဓာကိုယ်အခြား အစိတ််အပိုင်းများသို့ ဖိတ်စင်ခြင်းမရှိအောင် ဂရုစိုက်ပါ။ သန့်ရှင်းသောရေဖြင့်သာ ဆေးကြောပါ။

-       ဓာတုပစ္စည်းများနှင့် ထိတွေ့ထားသောအ၀တ်အစား၊ လက်၀တ်လက်စားစတာတွေကို ချွတ်ပစ်ပါ။

-       ဓာတုပစ္စည်းမှာဖော်ပြထားတဲ့ အန္တရာယ်ကြုံရပါက လုပ်ဆောင်ရမည့်ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။

-       Acid (အက်ဆစ်)၊ Alkali (အယ်ကာလီ) တို့နဲ့ဒဏ်ရာကို သက်သာအောင်မလုပ်ပါနဲ့။ ဓာတုတုံ့ပြန်မှုတွေကြောင့် ဒဏ်ရာကိုပိုဆိုးလာစေပါတယ်။

-       ပဋိဇီ၀ပိုးသတ်လိမ်းဆေး  (Antibiotic ointment) တွေမလိမ်းပါနဲ့။

၂။     ဒဏ်ရာကို ဖုံးအုပ်ထားပါ။

        ဒဏ်ရာကို ခြောက်သွေ့ပြီးသန့်ရှင်းတဲ့အ၀တ်နဲ့စည်းပေးပါ။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ