မြွေကိုက်ခံရခြင်းအတွက် ရှေးဦးကုသမှု
၁။ မြွေရဲ့ ပုံသဏ္႑န်ကို မှတ်သားထားပါ။ ဆရာ၀န်အား တိတိကျကျပြောပြနိုင်ဖို့လိုအပ်ပါတယ်။
၂။ မြွေဆိပ်ပျံ့နှံ့ခြင်းမရှိအောင် ပြုလုပ်ပါ။
ဆေးကုသမှုခံယူနိုင်သောနေရာသို့မရောက်မီဆောင်ရွက်ထားရမည့်အချက်များ
- မြွေကိုက်ခံရတဲ့နေရာမှ ပြောင်းရွှေ့ပါ။
- လူနာအားလှဲလျောင်းထားပါ။
- မြွေဆိပ်မပျံ့နှံ့စေရန် လူနာကို ငြိမ်သက်စွာထားပါ။
- ဒဏ်ရာကိုပတ်တီးဖြင့် လျော့ရဲစွာစည်းပေးထားပါ။
- ဒဏ်ရာကိုဖြတ်ထုတ်ခြင်း၊ အဆိပ်တွေကိုစုပ်ထုတ်ခြင်း၊ အ၀တ်စ (သို့) ကြိုးဖြင့်ဒဏ်ရာကိုတင်းကြပ်စွာ စည်းပေးခြင်း၊ ရေခဲအုပ်ပေးခြင်း၊ ရေဆေးပေးခြင်း၊ အရက် (သို့) ကဖင်းဓာတ်ပါ၀င်တဲ့ အရည်များ တိုက်ခြင်းကို ရှောင်ကြဉ်ရပါမယ်။
၃။ ဆေးရုံသို့ အမြန်ဆုံးခေါ်ဆောင်သွားပါ။
- လူနာကိုမေးခိုင်ကာကွယ်ဆေးထိုးပေးဖို့လိုအပ်ပါတယ်။ (ပုံမှန်အားဖြင့် လူတိုင်း ၁၀ နှစ်လျှင် ၁ ကြိမ် မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။)
- ဆေးရုံတွင် မြွေအမျိုးအစားအပေါ်မူတည်၍ ကုသပေးမှာဖြစ်ပါတယ်။






























