နှာခေါင်းသွေးလျှံခြင်းအတွက် ရှေးဦးကုသမှု
၁။ သွေးတိတ်အောင်ပြုလုပ်ပါ။
- နှာခေါင်းသွေးလျှံနေသူအားတစ်နေရာရာကိုမှီခိုင်းပြီးတည့်တည့်မတ်မတ်ထိုင်ခိုင်းပါ။
- လဲလျောင်းခြင်း၊ ခေါင်းကိုယမ်းခါခြင်းမပြုလုပ်ရပါ။
- ခန္ဓာကိုယ်ကိုရှေ့သို့အနည်းငယ်ကိုင်းခိုင်းပြီး နှာခေါင်းကိုလက်မ၊ လက်ညှိုးနှင့်တစ်မိနစ်(သို့) နှစ်မိနစ် ခန့် တင်းကြပ်စွာ ညှစ်ထားပေးပါ။
- ထို့နောက် နှာခေါင်းကိုလွှတ်ပေးပြီးခေါင်းမော့ကာအသက်ရှူခိုင်းပါ။
- အထက်ပါအတိုင်း ၅ မိနစ်၊ ၁၀ မိနစ်ခန့်အကြိမ်ကြိမ်ပြုလုပ်ပေးပါ။
၂။ ဆေးရုံဆေးခန်းသို့သွားပါ။
- ၁၀ မိနစ်ကျော်ကြာသည်အထိသွေးမတိတ်လျှင်
- သွေးကျဲဆေး (Warfarin၊ Aspirin) များသုံးစွဲနေရသည့်လူနာဖြစ်လျှင်
- သွေးထွက်လွန်လျှင်
- ဦးခေါင်း (သို့) မျက်နှာတွင် ပြင်းပြင်းထန်ထန်ထိခိုက်ခံရပြီးနောက် နှာခေါင်းသွေးယိုလာလျှင် ဆေးဝါးကုသမှု ခံယူရန် ဆေးရုံဆေးခန်းသို့သွားရပါမည်။
- မကြာခဏ နှာခေါင်းသွေးလျှံသူဖြစ်ပါက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာ၀န်နှင့်သေချာဂရုတစိုက်ပြသဖို့လိုအပ်ပါမည်။
CMS
















