/
news/အရေးပေါ်ကုသနည်းများ/အညိုအမဲစွဲခြင်းနှင်-ရောင်ရမ်းခြင်းအတွက်-ရှေးဦးကုသမှု

အညိုအမဲစွဲခြင်းနှင် ရောင်ရမ်းခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

1။      အညိုအမဲစွဲခြင်းနှင့်ရောင်ရမ်းခြင်းကိုသက်သာအောင်ပြုလုပ်ပါ။

-        အ၀တ်သန့်သန့်ထဲတွင် ရေခဲတုံးထည့်ပြီးရေခဲဖတ်ကပ်ပေးပါ။

-        ဖြစ်ပြီးပြီးချင်း ၁ ရက် ၂ ရက်အတွင်း ကြိမ်ဖန်များစွာကပ်ပေးပါ။

-        တစ်ကြိမ်ကပ်လျှင် ၁၅ မိနစ်ခန့်ကပ်ပေးဖို့လိုပါတယ်။

-        ဒဏ်ရာရတဲ့ လက် (သို့) ခြေထောက်ကိုသက်သောင့်သက်သာဖြစ်အောင်ထားပါ။

-        ဒဏ်ရာရထားတဲ့နေရာကို မြင့်မြင့်ထားပါ။

2။      ကုသမှုခံယူပါ။

-        နာကျင်တာတွေအတွက်Paracetamolသောက်နိုင်ပါတယ်။

-        Aspirin ၊ Ibuprofenကဲ့သို့သော ဆေးဝါးများက သွေးထွက်များစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

အောက်ပါအခြေအနေများ ကြုံပါကဆေးရုံဆေးခန်းသို့သွားပါ။

          -        သွေးကျဲဆေးသုံးစွဲနေသူများတွင် အညိုအမဲစွဲခြင်း

          -        အညိုအမဲစွဲခြင်းနှင့်အတူအဆစ်များမလှုပ်ရှားနိုင်ခြင်း

          -        အရိုးကျိုးပြီးအညိုအမဲစွဲခြင်း

          -        မျက်နှာနှင့် ဦးခေါင်းတွင် အညိုအမဲစွဲခြင်း

          -        အကြောင်းပြချက်မရှိဘဲအညိုအမဲစွဲခြင်း

3။      အညိုအမဲစွဲပြီး ၂ ရက်နောက်ပိုင်းရေနွေးဖတ်ကပ်ပါ။

-        ၂ ရက်အကြာတွင် ရေနွေးဖတ်ကပ်ပေးခြင်းဖြင့် အညိုအမဲစွဲတာကိုအမြန်သက်သာစေပါတယ်။

-        အညိုအမဲစွဲတဲ့နေရာကြီးရင်တော့ ၂ ပတ်လောက်အကြာမှာနာတာကော၊ ညိုတာပါ ပျောက်ကင်း သွားတတ်ပါတယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ