အညိုအမဲစွဲခြင်းနှင် ရောင်ရမ်းခြင်းအတွက် ရှေးဦးကုသမှု
1။ အညိုအမဲစွဲခြင်းနှင့်ရောင်ရမ်းခြင်းကိုသက်သာအောင်ပြုလုပ်ပါ။
- အ၀တ်သန့်သန့်ထဲတွင် ရေခဲတုံးထည့်ပြီးရေခဲဖတ်ကပ်ပေးပါ။
- ဖြစ်ပြီးပြီးချင်း ၁ ရက် ၂ ရက်အတွင်း ကြိမ်ဖန်များစွာကပ်ပေးပါ။
- တစ်ကြိမ်ကပ်လျှင် ၁၅ မိနစ်ခန့်ကပ်ပေးဖို့လိုပါတယ်။
- ဒဏ်ရာရတဲ့ လက် (သို့) ခြေထောက်ကိုသက်သောင့်သက်သာဖြစ်အောင်ထားပါ။
- ဒဏ်ရာရထားတဲ့နေရာကို မြင့်မြင့်ထားပါ။
2။ ကုသမှုခံယူပါ။
- နာကျင်တာတွေအတွက်Paracetamolသောက်နိုင်ပါတယ်။
- Aspirin ၊ Ibuprofenကဲ့သို့သော ဆေးဝါးများက သွေးထွက်များစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
အောက်ပါအခြေအနေများ ကြုံပါကဆေးရုံဆေးခန်းသို့သွားပါ။
- သွေးကျဲဆေးသုံးစွဲနေသူများတွင် အညိုအမဲစွဲခြင်း
- အညိုအမဲစွဲခြင်းနှင့်အတူအဆစ်များမလှုပ်ရှားနိုင်ခြင်း
- အရိုးကျိုးပြီးအညိုအမဲစွဲခြင်း
- မျက်နှာနှင့် ဦးခေါင်းတွင် အညိုအမဲစွဲခြင်း
- အကြောင်းပြချက်မရှိဘဲအညိုအမဲစွဲခြင်း
3။ အညိုအမဲစွဲပြီး ၂ ရက်နောက်ပိုင်းရေနွေးဖတ်ကပ်ပါ။
- ၂ ရက်အကြာတွင် ရေနွေးဖတ်ကပ်ပေးခြင်းဖြင့် အညိုအမဲစွဲတာကိုအမြန်သက်သာစေပါတယ်။
- အညိုအမဲစွဲတဲ့နေရာကြီးရင်တော့ ၂ ပတ်လောက်အကြာမှာနာတာကော၊ ညိုတာပါ ပျောက်ကင်း သွားတတ်ပါတယ်။
















