/
news/အရေးပေါ်ကုသနည်းများ/မီးလောင်ခြင်းအတွက်-ရှေးဦးကုသမှု

မီးလောင်ခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

-        အရေပြားအလွှာအားလုံးကိုလောင်ကျွမ်းလျှင်

-        အရေပြားမှာအညို၊ အဖြူနဲ့ အမည်းကွက်များဖြစ်လာလျှင်

-        မီးလောင်ဖုက နှစ်လက်မထက်ပို၍ကြီးလျှင်

-        လက်၊ ခြေထောက်၊ မျက်နှာတို့လောင်ကျွမ်းလျှင် မီးလောင်ခံရသူသည် နို့စို့ကလေး(သို့) သက်ကြီး ရွယ်အိုများဖြစ်လျှင် အရေးပေါ်အခြေအနေဖြစ်တာကြောင့် ဆေးရုံသို့ချက်ချင်းသွားပါ။

၁။     မီးလောင်ခံရနေရသောလူကိုအမြန်ဆုံးကယ်တင်ပါ။

-        လူနာကိုမီးတောက်များထဲမှ အမြန်ဆုံးကယ်ထုတ်ပြီးဘေးလွတ်ရာသို့ခေါ်သွားပါ။

-        မီးစွဲနေတဲ့အ၀တ်အစားများကို ချွတ်ပစ်ပါ။

၂။     မီးလောင်ဒဏ်ရာကိုရေအေးအေးနဲ့ဆေးပါ။

-        နာကျင်မှုသက်သာသည်အထိမီးလောင်ဒဏ်ရာကိုရေအေးအေးနှင့်လောင်းပေးပါ။

-        ရေအေးမရလျှင် အအေးကျပ်ထုပ်ထိုးပေးပါ။

၃။     ဒဏ်ရာကို ပိုးမ၀င်အောင် ဂရုစိုက်ပါ။

          သန့်ရှင်းတဲ့အ၀တ် (သို့) စေးကပ်ခြင်းမရှိတဲ့ ပတ်တီးနဲ့စည်းပေးပါ။

၄။     နာကျင်မှုသက်သာအောင်ပြုလုပ်ပါ။

-        အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးသောက်ထားပါ။ (ဥပမာ-Paracetamol)

၅။     ဆေးရုံဆေးခန်းသို့သွားပါ။

-        ရောဂါပိုး၀င်တဲ့လက္ခဏာတွေဖြစ်တဲ့ အရေပြားပူခြင်း၊ နီမြန်းခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်လျှင်၊

-        မေးခိုင်ကာကွယ်ဆေးကိုလွန်ခဲ့သော ၁၀ နှစ်ကျော်ကနောက်ဆုံးထိုးနှံထားလျှင် ဆေးရုံဆေးခန်းသို့ သွားရောက်၍လိုအပ်သောကုသမှုများကိုခံယူသင့်ပါတယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ