ရေနစ်ခြင်းအတွက် ရှေးဦးကုသမှု
၁။ အကူအညီတောင်းပါ။
အစောင့်အားလှမ်းပြီးအကူအညီတောင်းပါ။ ကယ်တင်မယ့်သူမရှိပါက အရေးပေါ်နံပါတ် 199 သို့ ဆက်သွယ်ပါ။
၂။ ရေနစ်နေသူအားကယ်တယ်ပါ။
ရေနစ်နေသူအား ရေထဲမှကယ်တင်ပါ။
၃။ အသက်ရှူခြင်းရှိ၊ မရှိစစ်ဆေးပါ။
ရေနစ်သူရဲ့ပါးစပ်နဲ့ နှာခေါင်းနားမှာ နားကိုကပ်ပြီး အသက်ရှူခြင်းရှိ၊ မရှိစစ်ဆေးပါ။
နှလုံးခုန်နေသလားဆိုတာသိဖို့ ရင်ဘတ်ကိုလက်နဲ့ကပ်ပြီး စမ်းကြည့်ပါ။
၄။ အသက်ရှူခြင်းမရှိပါက သွေးခုန်မှုရှိ၊ မရှိစစ်ဆေးပါ။
လက်ကောက်၀တ်သွေးကြော (သို့) လည်ပင်းသွေးကြောကို လက်နှင့်ဖိ၍ စမ်းကြည့်ပါ။
၅။ သတိမလည်လာသေးပါက CPR ပြုလုပ်ပါ။
ရေနစ်သူကို ပက်လက်အနေအထားဖြင့် လှဲပေးထားပါ။
ရနစ်သူက လူကြီးဆိုလျှင် မိမိ၏လက်ဝါးနှစ်ဖက်ကိုထပ်ပြီး ရင်အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာတင်ပါ။
ကလေးငယ်ဆိုလျှင် ရင်ညွှန့်ရိုးပေါ်ကို လက်နှစ်ချောင်းတင်ပြီးဖိပေးရပါမယ်။
မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းထားပြီးကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ လက်ဝါးဖြင့် ရင်ဘတ်ကို ၂ လက်မလောက်ထိနိမ့်သွားအောင် ဖိပေးရပါမယ်။ နံရိုးပေါ်ကို မဖိမိအောင် ဂရုစိုက်ရပါမယ်။ နို့စို့အရွယ်ကလေးတွေကိုတော့ ၁ လက်မလောက်သာ နိမ့်သွားအောင် ဖိပေးရပါမယ်။
နှစ်လက်မခန့်ကျသွားအောင် ဖိပြီးပါက လက်ကိုလုံး၀ကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းနဲ့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့လာတဲ့ အချိန်ကို ခဏစောင့်ပေးရပါမယ်။
အသက်ရှူပြီလားဆိုတာကိုလည်း အမြဲသတိထားကြည့်ရပါမယ်။
၆။ အသက်မရှူလာမချင်း CPR ပြုလုပ်ပေးပါ။
CPR ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဆိုရင်တော့လူနာ၏ ခေါင်းကိုမော့ပေးခြင်း၊ မေးစေ့ကို အပေါ်သို့ပင့်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးရပါမယ်။ နှာခေါင်းကို လက်နဲ့ညှစ် ထားပြီး ရေနစ်သူနဲ့ ပါးစပ်ချင်းတေ့ကာ လေနှစ်ခါမှုတ်သွင်းပေးပြီး ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးခြင်း၊ လေနှစ်ခါမှုတ်ပေးခြင်းတို့ကိုအသက်မရှူမချင်းပြုလုပ်ပေးရပါမယ်။
















