သစ်စေး(သို့)ဓာတုပစ္စည်းကြောင့် ယားယံမှုအတွက်ရှေးဦးကုသမှု
အရေးပေါ်အခြေအနေ
(၁) တံတွေးမျိုချ၍မရခြင်း၊
(၂) အသက်ရှူခက်ခဲခြင်း၊
(၃) မျက်လုံးများမို့လာခြင်း၊
(၄) မျက်နှာအန်းခြင်း၊
၁။ အစေးထိတွေ့တဲ့နေရာကိုဆေးကြောသန့်စင်ပေးပါ။
- အစေးထိတွေ့တဲ့နေရာကိုရေကြက်သီးနွေး၊ အပျော့စားဆပ်ပြာတို့ဖြင့် ဆေးကြောပေးပါ။
- ဓါတ်မတည့်ဖြစ်နိုင်ချေကိုလျော့ချနိုင်ရန် ၁၀ မိနစ်အတွင်းဆေးကြောရမှာဖြစ်ပါတယ်။
၂။ စွန်းထင်းတဲ့အ၀တ်းအစားတွေကိုဖယ်ရှားပါ။
စွန်းထင်းနေတဲ့အကျႌအ၀တ်အစားနဲ့ ဖိနပ်တွေကနေ ကိုယ်ခန္ဓာကိုထိသွားနိုင်တဲ့အတွက် အားလုံး ကို ဖယ်ရှားပစ်ရပါမယ်။
၃။ ယားယံခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းကိုသက်သာလျော့နည်းသွားအောင်ပြုလုပ်ပါ။
- ၁၅ မိနစ်မှ မိနစ် ၃၀ ကြာအောင် ရေအေး၀တ်နဲ့ မိနစ် ၃၀ ကြာအောင်တိုက်ပေးပါ။
- antihistamines ပါ၀င်သောလိမ်းဆေးများ၊ benzocaine ကဲ့သို့သောထုံဆေးများ၊ antibiotic ointments ပါ၀င်တဲ့ လိမ်းဆေးများဟာအရေပြားဓာတ်မတည့်မှုတွေ ပိုဖြစ်စေနိုင်တာကြောင့် ရှောင်ရှား ရမှာဖြစ်ပါတယ်။
- အုတ်ဂျုံမှုန့်ကိုဖျော်ထားသောအရည်ဖြင့် ရေချိုးပေးပါ။
- calamineလိမ်းဆေးလိမ်းပေးပါ။
- ယားယံခြင်းကြောင့် မအိပ်နိုင်လျှင် antihistamine ပါ၀င်သောသောက်ဆေးကို သောက်ပါ။
၄။ ဆရာ၀န်နဲ့ ပြသသင့်သောအချိန်
- အနီကွက်အဖုအပိမ့်တွေက ခန္ဓာကိုယ်တစ်ခုလုံးနီးပါးပျံံ့နှံ့လာခြင်း (သို့) အရည်ကြည်ဖုများနဲ့ ယားယံမှုတွေကြောင့် အိပ်မပျော်နိုင်ခြင်းတို့ဖြစ်ပေါ်လာပါကဆေးကုသမှုခံယူရပါမယ်။
- ပုံမှန်အားဖြင့် ရောဂါလက္ခဏာတွေကတစ်ပတ်နှစ်ပတ်အတွင်းသက်သာလာမှာဖြစ်ပါတယ်။
















