/
news/အရေးပေါ်ကုသနည်းများ/သစ်စေးသို့ဓာတုပစ္စည်းကြောင့်-ယားယံမှုအတွက်ရှေးဦးကုသမှု

သစ်စေး(သို့)ဓာတုပစ္စည်းကြောင့် ယားယံမှုအတွက်ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

အရေးပေါ်အခြေအနေ

(၁)     တံတွေးမျိုချ၍မရခြင်း၊

(၂)     အသက်ရှူခက်ခဲခြင်း၊

(၃)     မျက်လုံးများမို့လာခြင်း၊

(၄)     မျက်နှာအန်းခြင်း၊

၁။      အစေးထိတွေ့တဲ့နေရာကိုဆေးကြောသန့်စင်ပေးပါ။

-        အစေးထိတွေ့တဲ့နေရာကိုရေကြက်သီးနွေး၊ အပျော့စားဆပ်ပြာတို့ဖြင့် ဆေးကြောပေးပါ။

-        ဓါတ်မတည့်ဖြစ်နိုင်ချေကိုလျော့ချနိုင်ရန် ၁၀ မိနစ်အတွင်းဆေးကြောရမှာဖြစ်ပါတယ်။

၂။      စွန်းထင်းတဲ့အ၀တ်းအစားတွေကိုဖယ်ရှားပါ။

         စွန်းထင်းနေတဲ့အကျႌအ၀တ်အစားနဲ့ ဖိနပ်တွေကနေ ကိုယ်ခန္ဓာကိုထိသွားနိုင်တဲ့အတွက် အားလုံး ကို ဖယ်ရှားပစ်ရပါမယ်။

၃။      ယားယံခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းကိုသက်သာလျော့နည်းသွားအောင်ပြုလုပ်ပါ။

-        ၁၅ မိနစ်မှ မိနစ် ၃၀ ကြာအောင် ရေအေး၀တ်နဲ့ မိနစ် ၃၀ ကြာအောင်တိုက်ပေးပါ။

-        antihistamines ပါ၀င်သောလိမ်းဆေးများ၊ benzocaine ကဲ့သို့သောထုံဆေးများ၊ antibiotic ointments ပါ၀င်တဲ့ လိမ်းဆေးများဟာအရေပြားဓာတ်မတည့်မှုတွေ ပိုဖြစ်စေနိုင်တာကြောင့် ရှောင်ရှား ရမှာဖြစ်ပါတယ်။

-        အုတ်ဂျုံမှုန့်ကိုဖျော်ထားသောအရည်ဖြင့် ရေချိုးပေးပါ။

-        calamineလိမ်းဆေးလိမ်းပေးပါ။

-        ယားယံခြင်းကြောင့် မအိပ်နိုင်လျှင် antihistamine ပါ၀င်သောသောက်ဆေးကို သောက်ပါ။

၄။      ဆရာ၀န်နဲ့ ပြသသင့်သောအချိန်

-        အနီကွက်အဖုအပိမ့်တွေက ခန္ဓာကိုယ်တစ်ခုလုံးနီးပါးပျံံ့နှံ့လာခြင်း (သို့) အရည်ကြည်ဖုများနဲ့ ယားယံမှုတွေကြောင့် အိပ်မပျော်နိုင်ခြင်းတို့ဖြစ်ပေါ်လာပါကဆေးကုသမှုခံယူရပါမယ်။

-        ပုံမှန်အားဖြင့် ရောဂါလက္ခဏာတွေကတစ်ပတ်နှစ်ပတ်အတွင်းသက်သာလာမှာဖြစ်ပါတယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ