အမြင့်ကြောက်ရောဂါအတွက် ရှေးဦးကုသမှု
အပျော့စားရောဂါလက္ခဏာတွေကတော့
(၁) ပင်ပန်းနွမ်းလျခြင်း၊
(၂) ခေါင်းကိုက်ခြင်း၊
(၃) အစာစားလိုစိတ်မရှိခြင်း၊
(၄) ပျို့ခြင်း၊
(၅) မအိပ်စက်နိုင်ခြင်း၊
(၆) ခြေလက်များဖောရောင်ခြင်း၊
(၇) အန်ခြင်း၊
(၈) အားနည်းခြင်းတို့ဖြစ်ပါတယ်။
အပြင်းစားရောဂါလက္ခဏာတွေကတော့
(၁) နားနေချိန်တွင်ပင် အသက်ရှူ မ၀ခြင်း၊
(၂) နှလုံးခုန်မြန်ခြင်း၊
(၃) ချောင်းဆိုးခြင်း၊
(၄) ခေါင်းအလွန်အမင်းကိုက်ခြင်း၊
(၅) အမြင်အာရုံေ၀ဝါးခြင်း၊
(၆) အာရုံထွေပြားခြင်း၊
(၇) ထင်ရောင်ထင်မှားဖြစ်ခြင်း၊
(၈) တက်ခြင်း
(၉) မေ့မျောခြင်းတို့ဖြစ်ပါတယ်။
၁။ တောင်ခြေသို့ဆင်းပါ။
အပျော့စားရောဂါလက္ခဏာလောက်ပဲဆိုရင်တော့ လက်ရှိရောက်နေတဲ့အမြင့်ပေမှာ ဆက်နေနိုင်ပါတယ်။ ဒါပေမယ့် အခြေအနေပိုဆိုးလာရင်တော့ တောင်ခြေကိုအကူအညီယူပြီးဆင်းပါ။
ပြင်းထန်တဲ့ရောဂါလက္ခဏာမျိုးနဲ့ကြုံရရင်တော့ လူနာကိုအမြင့်ပေ ၂၀၀၀ အောက်သို့ ချက်ချင်းပို့ပေးရပါမယ်။ အမြင့်ပေ ၂၀၀၀ အောက်ရောက်တဲ့ထိတောင် ရောဂါလက္ခဏာတွေ မသက်သာသေးရင် အောက်ခြေသို့ ဆက်လက်ပို့ဆောင်ပေးရပါမယ်။
အပျော့စားရောဂါလက္ခဏာပြတဲ့ လူနာတွေအနေနဲ့ လုံး၀သက်သာပျောက်ကင်းသွားမှသာ အမြင့်သို့ ဆက်တက်သင့်ပါတယ်။
၂။ ကုသမှုခံယူပါ။
- ရနိုင်မယ်ဆိုရင် အောက်ဆီဂျင်ပေးပါ။
- အနားယူခိုင်းပါ။
- အရည်များများတိုက်ပါ။
- ခေါင်းကိုက်တာအတွက် အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးတိုက်ပါ။
ရက်တော်တော်ကြာတဲ့အထိအပျော့စားလက္ခဏာတွေ မပျောက်ရင်သော်လည်းကောင်း၊ အပြင်းစား လက္ခဏာတွေ ခံစားရရင်သော်လည်းကောင်း၊ နီးစပ်ရာဆေးရုံဆေးခန်းသို့ ချက်ချင်းသွားရောက်ပြီး ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။
















