/
news/အလှအပနှင့်ကျန်းမာရေး/ဆောင်းရာသီမှာ-ကျန်းမာစွာနေနိုင်စေဖို့-နည်းလမ်း-5-သွယ်

ဆောင်းရာသီမှာ ကျန်းမာစွာနေနိုင်စေဖို့ နည်းလမ်း 5 သွယ်

Category
အလှအပနှင့်ကျန်းမာရေး

1. အိပ်ရေးဝဝအိပ်ပါ။

        လူတစ်ယောက်က တစ်ညကို 7-9 နာရီလောက်အိပ်သင့်သော်လည်း ပုံမှန်အားဖြင့်ကျွန်ုပ်တို့ဟာ တစ်ညကို 6 နာရီခွဲလောက် အိပ်လေ့ရှိတဲ့အတွက် အိပ်ချိန်နည်းနေပါတယ်။ ဒါကြောင့် ဂရုစိုက်ပြီး အိပ်ချိန်ပြည့်ပြည့်ဝဝပေးသင့်ပါတယ်။

2. နို့များများသောက်ပါ။

        ဆောင်းတွင်းမှာ အအေးမိလွယ်တတ်တဲ့အတွက် ကိုယ်ခံအားကောင်းနေအောင်ဖြည့်ထားဖို့ အရေးကြီးပါတယ်။ အသားဓာတ်၊ ဗီတာမင် A နဲ့ B12 ကြွယ်ဝတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်ကဲ့သို့သော နို့နှင့်နို့ထွက် ပစ္စည်းတွေကိုများများစားပါ။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ အရိုးသန်မာစေတဲ့ ကယ်ဆီယမ်ဓာတ်တွေ အပြည့်အ၀ပါဝင်ပါတယ်။

3. ဟင်းသီးဟင်းရွက်နှင့် သစ်သီးများများစားပါ။

        နေ့တိုင်း သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ များများစားဖို့ အရေးကြီးပါတယ်။ ချိုတဲ့အရာတွေကိုစားဖို့ အာသီသပြင်းပြနေတယ်ဆိုရင် စွန်ပလွံသီး၊ စပျစ်သီးခြောက် စတဲ့ချိုတဲ့သစ်သီးခြောက်တွေကိုစားပါ။

4. မိသားစုနဲ့အတူ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။

        ချမ်းအေးလှတဲ့ဆောင်းရာသီမှာ အိမ်တွင်းမှာပဲအချိန်ကုန်မနေပါနဲ့။ မိသားစုတစ်စုလုံးအပြင်ထွက်ပြီး ကမ်းခြေမှာပဲဖြစ်ဖြစ်၊ ပန်းခြံထဲမှာပဲဖြစ်ဖြစ် လမ်းလျှောက်ပါ။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကိုထိန်းထားနိုင်ခြင်း၊ ကိုယ်ခံအားကောင်းခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်သလို စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။

5. ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာစားပါ။

         ဆန်ပြုတ်၊ နို့ဆန်ပြုတ် စတဲ့အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေစားပါ။ ဂျုံပါတဲ့အစားအစာတွေက အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအများကြီးပါဝင်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com