ရေကူးသမားများအတွက် အလှအပရေးရာ
Category
အလှအပနှင့်ကျန်းမာရေး
ပင်လယ် ဆားငန်ရေတွေ၊ ရေကူးကန်ထဲက ကလိုရင်းဓာတ်တွေ၊ နေလောင်ဒဏ်တွေဟာ အရေပြားကို ခြောက်သွေ့ကြမ်းတမ်းစေနိုင်ပါတယ်။ ဒါကြောင့် ရေကူးပြီးတိုင်းမှာ အရေပြားကို ထိန်းသိမ်းပေးဖို့ အောက်ပါနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
1. ရေကူးပြီးတိုင်း ချက်ချင်းရေချိုးပါ။
2. ရေကူးပြီးချိန်မှာ နေလောင်ကာခရင်မ်ကို ပြန်လိမ်းပေးပါ။
3. မျက်နှာပေါ်က အစိုဓာတ်ကို အပြီးတိုင် မဖယ်ရှားတဲ့ မျက်နှာသစ်ခရင်မ်မျိုးကို အသုံးပြုပါ။
4. ဆန်ဆေးရည်နဲ့ ပြုလုပ်ထားတဲ့ ကြေးချွတ် Exfoliant များကို သုံးပြီး ဓာတုပစ္စည်းတွေနဲ့ ဆားရည်တွေကို ဖယ်ရှားပေးပါ။
5. Evening Primrose Oil သို့မဟုတ် Vitamin E ပါတဲ့ အစိုထိန်းခရင်မ် လိမ်းပေးပါ။
6. အလှပြင်ဆိုင်မှာ အရေပြားကုသမှု ခံယူပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















