သခွားသံပရာရေအေးသောက်ပြီး ဝိတ်ချကြမယ်
အခုခေတ်မှာ Detox လို့ခေါ်တာတွေ ခေတ်စားနေပါတယ်။ Detox drink ဆိုတာ ဘာလဲ။ ခေတ်မီသွားအောင် ဖတ်ကြည့်ကြစို့ ...။
အရောင်၊ အနံ့၊ အရသာကင်းတဲ့ ရေထဲကို သဘာဝသစ်သီးတွေ လှီးထည့်ပြီး အနံ့ အရသာတစ်မျိုး ဖန်တီးထားတဲ့ရေပါပဲ။
ကိုယ်အလေးချိန်ကျဖို့ အကောင်းဆုံး သစ်သီးစိမ်ရေလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ သခွားသံပရာရေအေး ဖြစ်ပါတယ်။
● သခွားသီးတစ်လုံးကို ရေစင်အောင် ဆေးပါ။ အော်ဂဲနစ်သခွားဆို ပိုကောင်းပါတယ်။ ဆယ်စိတ်ခန့် စိတ်ပါ။ မပါးမထူလေး စိတ်ပါ၊ ပြီးရင် ဖန်ဘူးလေးထဲကို ထည့်ပါ။
● သံပရာသီးကို ရေစင်အောင် ဆေးပြီး အလုံးလိုက် လှီးချလိုက်ပါ။ အခုနက သခွားသီး ထည့်တဲ့ဘူးထဲကို ထည့်ပါ။
● ရေသန့်သန့်နှစ်ခွက် ဖန်ဘူးလေးထဲကို လောင်းထည့်ပါ။
● နောက်ဆုံးကတော့ ပူစီနံရွက်လေးပါ။ နှစ်ရွက်ခန့် ခြွေထည့်ပေးပါ။
● အဖုံး လုံအောင်ပိတ်ပြီး ဖန်ဘူးလေးကို ရေခဲသေတ္တာထဲမှာ တစ်ည သိပ်ထားပါ။
● မနက်ရောက်တဲ့အခါ ဇွန်းသန့်သန့်လေးသုံးပြီး သံပရာစိတ်လေးတွေကို ဖယ်ထုတ်ပါ။ ခါးလာမှာမို့လို့ပါ။
● ပြီးရင် သခွားရေအေးကို စတင်သောက်သုံးနိုင်ပါပြီ၊ ထပ်ထပ်ဖြည့်ပါ။ သုံးရက်တိတိ မကြာခဏဖြည့်ပြီး ရေသောက်သလို သောက်နိုင်ပါတယ်။ အတိုင်းအဆမရှိ မိမိနှစ်သက်သလောက် သောက်သုံးပါ။
● သုံးရက်ပြည့်ရင် သွန်ပြီး အသစ်ထပ်လုပ်ပါ။
တစ်ပတ်တိတိ သောက်သုံးခြင်းဖြင့် အင်မတန် ကျန်းမာရေးနဲ့ ညီညွတ်မျှတပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။
အဆီတွေကို ချေဖျက်ပေးတဲ့အတွက် မကြာခဏ ဝမ်းသွားတတ်ပါတယ်။ ဒီတော့ တစ်ပတ်ခြား သောက်ပြီး ဝိတ်ချကြည့်နိုင်ပါတယ်။
>> သခွားသံပရာရေအေး သောက်လို့ ဘာအကျိုးကျေးဇူးရမလဲ?
● ဗီတာမင်စီ
● အင်တီအောက်ဆီးဒင့်
● သဘာဝရေဓာတ်တွေ ပြည့်ပြည့်ဝဝ ရရှိပါတယ်
● အသားအရေ လှစေတယ်
● ကိုယ်တွင်းအဆိပ်ဓာတ်တွေ သန့်စင်စေတယ်
● ကိုယ်အလေးချိန် ကျစေတယ်
● အဆီတွေကိုချေဖျက်ပေးတယ်
● အစားစားချင်စိတ် လျော့နည်းစေတယ်
● သွေးပေါင် ပုံမှန်ညှိပေးပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















