/
news/အသုံးများဆေးဝါးများ/tothema

Tot'hema

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Tot'hema

(1) ဆေးအမည်

       Tot'hema

 

(2) ပါ၀င်သောဆေးအမျိုးအစား   

          ဆေးရည် 10 ml (တစ်ပုလင်း)တွင် iron 50mg, manganese 1.33 mg နှင့် copper 0.7 mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ       

          သံဓါတ်ချို့တဲ့သည့်အခြေအနေ

 

(4) အသုံးပြုပုံ

        သံဓါတ်ချို့တဲ့ခြင်းကိုကုသရန် ။      ။ လူကြီးတစ်နေ့လျှင် ဆေးပုလင်း ၂ ပုလင်းမှ ၄ပုလင်း၊ ၁ လသားအရွယ်နှင့် အထက် ကလေးများတွင် iron ကို 5-10mg/ kg/ day နှင့်တွက်ပြီးပေးရမည်။ သံဓါတ်ချို့တဲ့ခြင်းကိုကာကွယ်ရန် ကိုယ်၀န်ဆောင်မိခင်များတွင်တနေ့လျှင်တစ်တောင့်၊ ကိုယ်၀န်ကာလ ၄ လမှစ၍သောက်နိုင်သည်။ (သို့) ဆရာ၀န် ညွှန်ကြားသည့်အတိုင်းသောက်ရမည်။

 

(5)    ဘေးထွက်ဆိုးကျိုး

         ၀မ်းအရောင်မည်းခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းလျောခြင်း။

 

 (6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        သံဓါတ်ချို့တဲ့ခြင်းမှအပ အခြားသောအကြောင်းအရာများကြောင့်ဖြစ်သော သွေးအားနည်းခြင်းတွင် အသုံးမပြုရ။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          မတွေ့ရှိသေးပါ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Innotech

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          KTZ

www.drmyanmar.com