Tot'hema
(1) ဆေးအမည်
Tot'hema
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးရည် 10 ml (တစ်ပုလင်း)တွင် iron 50mg, manganese 1.33 mg နှင့် copper 0.7 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
သံဓါတ်ချို့တဲ့သည့်အခြေအနေ
(4) အသုံးပြုပုံ
သံဓါတ်ချို့တဲ့ခြင်းကိုကုသရန် ။ ။ လူကြီးတစ်နေ့လျှင် ဆေးပုလင်း ၂ ပုလင်းမှ ၄ပုလင်း၊ ၁ လသားအရွယ်နှင့် အထက် ကလေးများတွင် iron ကို 5-10mg/ kg/ day နှင့်တွက်ပြီးပေးရမည်။ သံဓါတ်ချို့တဲ့ခြင်းကိုကာကွယ်ရန် ကိုယ်၀န်ဆောင်မိခင်များတွင်တနေ့လျှင်တစ်တောင့်၊ ကိုယ်၀န်ကာလ ၄ လမှစ၍သောက်နိုင်သည်။ (သို့) ဆရာ၀န် ညွှန်ကြားသည့်အတိုင်းသောက်ရမည်။
(5) ဘေးထွက်ဆိုးကျိုး
၀မ်းအရောင်မည်းခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းလျောခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
သံဓါတ်ချို့တဲ့ခြင်းမှအပ အခြားသောအကြောင်းအရာများကြောင့်ဖြစ်သော သွေးအားနည်းခြင်းတွင် အသုံးမပြုရ။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
မတွေ့ရှိသေးပါ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Innotech
(9) တင်သွင်းသည့်ကုမ္ပဏီ
KTZ






























